မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ရွာသားများအား အကြောင်းမဲ့ဖမ်းဆီး


နေပြည်တော် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇင်ပိုင်ညာကျေးရွာအုပ်စု၊ ဖူခါလီကျေးရွာနေ နူမာမောက်၏ နေအိမ်သို့ နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် ဇင်ပိုင်ညာကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင်၊ နူရူစလန်နှင့် ရာဖစ်တို့ ဦးဆောင်သော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်တံခါးအား တုတ်၊ ဓားတို့ဖြင့် ရိုက်ချိုးဖျက်ဆီး၍ နေအိမ်အား မီးရှို့ကာ ဖိုက်ဇယ်(ဘ) နူမာမောက်နှင့် မာမွတ်ဖာရို (ဘ) နူမာမောက်တို့ ညီအစ်ကို ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို အချိန်မီဖမ်းဆီးနိုင်ရေး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲတွင် နေအိမ်၏ အနောက်ဘက်လယ်ကွင်းအစပ်၌ မာမွတ်ဖာရိုအား ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်၊ ထိုးသွင်းဒဏ်ရာ၂ ချက်ဖြင့် တွေ့ရှိသဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဖမ်းဆီးရမိနိုင်ရေး တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ