ခဲအိုဖြစ်သူက ခယ်မဖြစ်သူအား နေအိမ်ပေါ်တက် အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွား


မကွေးတိုင်း ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ၎င်း၏ခဲအိုဖြစ်သူမှ နေအိမ်ပေါ်တက် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့မှု နှင့်ပက်သက်၍ နိုဝင်ဘာ(၂၉)ရက်နေ့တွင် တိုင်ကြားအမှုခဲ့ကြောင်း ရေပြာနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာနေ မပု(ခ)မသန်းသန်းအေး(အို)၊၂၅နှစ်သည် နိုဝင်ဘာ(၂၅)ရက်နေ့ ည(၁၁)နာရအချိန်က နေအိမ်၌ သားများဖြစ်ကြသော ဇော်မင်းသန့်၊ ၆နှစ်နှင့် ကျော်မင်းသန့်(၅)နှစ်တို့နှင့်အတူ အိပ်နေစဉ် နေအိမ်ဝိုင်းအတွင်းရှိ နွားလန့်သံကြား၍ နားထောင်နေစဉ် ၎င်းအိပ်နေသည့်အိပ်ယာထဲသို့ လူတစ်ဦးရောက်ရှိလာပြီး လက်အားဆွဲသဖြင့် ဓါတ်မီးဖြင့်ထိုးကြည့်ရာ တစ်ရွာတည်းနေ ခဲအိုတော်စပ်သူ မောင်ခိုင်၊၃၇နှစ်ဖြစ်ကြောင်းသိရှိရပြီး မောင်ခိုင်မှ မပု(ခ)မသန်းသန်းအေး၏ပါးစပ်အားပိတ်၍သိုင်းဖက်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် မောင်ခိုင်မှ ၎င်းနေအိမ်သို့ ပြန်သွားကာ နောက်တစ်နေ့တွင် မပု(ခ)မသန်းသန်းအေး မှ မိခင်ဖြစ်သူနှင့်ညီမဖြစ်သူတို့အား အကျိုးအကြောင်းပြောပြကာ ကျေးရွာ ရာအိမ်မှူး ဦးဝင်းဦးထံ တိုင်တန်းပြီးနောက် မောင်ခိုင်မှာ မပု(ခ)မသန်းသန်းအေး၏ အစ်မဖြစ်သူ မမြင့်စန်းကြည်၏ ခင်ပွန်းဖြစ်နေ၍ အစ်မဖြစ်သူမှာ ခွဲစိတ်မီးဖွားနေရပြီး လူမှုရေးအရငဲ့ညှာထောက်ထားနေရသဖြင့် ယနေ့မှလာရောက်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ သားမယားပြုကျင့်သူ မောင်ခိုင်အား အရေးယူပေးရန် နိုဝင်ဘာ(၂၉)ရက်နေ့တွင် မပု(ခ)မသန်းသန်းအေးမှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းက (ပ)၂၇၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၄၅၆ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ခဲအိုဖြစ်သူက ခယ်မဖြစ်သူအား နေအိမ်ပေါ်တက် အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွား ခဲအိုဖြစ်သူက ခယ်မဖြစ်သူအား နေအိမ်ပေါ်တက် အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.