လူလေးဦးသေဆုံးစေတဲ့ ယာဉ်တိုက်မှု မကွေး-သစ်ရာကောက်-ကိုးပင်လမ်းမှာဖြစ်ပွား


နိုဝင်ဘာ(၆)ရက် မနက်(၉)နာရီ(၄၅)မိနစ်ဝန်းကျင်ခန့်က မကွေး-သစ်ရာကောက်-ကိုးပင်လမ်းမှာ ကုန်တင်ယာဉ်နဲ့ Light Truck ယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ(၄) ယောက်သေဆုံးခဲ့တယ်လို့ မကွေးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။


 မကွေး-သစ်ရာကောက်-ကိုးပင်လမ်းအတိုင်းမကွေးဘက်ကနေ အောင်လံဘက်ကို မောင်းနှင်လာတဲ့ အပြာရောင်ကုန်တင်ယာဉ်နဲ့ ဆင်ပေါင်ဝဲဘက်က မောင်းနှင်လာတဲ့ Light Truck အဖြူရောင်ယာဉ်တို့ဟာ မိုင်တိုင်(၁၀၁)အနီးမှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိတာဖြစ်ပြီး Light Truck အဖြူရောင်ယာဉ်ပေါ်မှာ ပါလာတဲ့အမျိုးသားခရီးသည်(၇) ယောက်အနက် (၄) ယောက် သေဆုံးပြီး (၃) ယောက်ဒဏ်ရာရရှိခဲ့ ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားတာကို သတင်းရရှိတဲ့အတွက်မကွေးမြို့နယ် မီးသတ်ဦးစီး ဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီကြပြီး ဒဏ်ရာရရှိသူတွေကို သစ်ရာကောက်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ မကွေးမြို့နယ်မီးသတ်ဒုတိယဦးစီးမှူး ဦးစိုးညွှန့်က ပြောပါတယ်။


မကွေးမြို့နယ်မီးသတ်ဦးစီးဌာနအနေနဲ့ ပျက်စီးသွားတဲ့ ယာဉ်နဲ့ ဒဏ်ရာရလူနာတွေကို ကူညီကယ်ဆယ် ရေးလုပ်ဆောင်ရမှာ မကွေးမြို့နယ်ဒုတိယဦးစီးမှူးဦးစိုးညွှန့်နဲ့တကွ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅) ယောက်၊ အရန်မီးသတ်(၅)ယောက်၊ သစ်ရာကောက်မီးသတ်စခန်းက အရန်မီးသတ်(၁၀)ယောက်တို့က ကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို မကွေးဗျူရိုက စိုးစိုးဦးက ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

လူလေးဦးသေဆုံးစေတဲ့ ယာဉ်တိုက်မှု မကွေး-သစ်ရာကောက်-ကိုးပင်လမ်းမှာဖြစ်ပွား  လူလေးဦးသေဆုံးစေတဲ့ ယာဉ်တိုက်မှု မကွေး-သစ်ရာကောက်-ကိုးပင်လမ်းမှာဖြစ်ပွား Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.