ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ မသင်္ကာဖွယ်တွေ့ရှိသူအချို့အား ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နယ်မြေများအတွင်းသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ထပ်မံဝင်ရောက် မှုမရှိစေရေးအတွက် တပ်မတော် စစ်ကြောင်းများ၊ တပ်မတော်(ရေ) အထူး တပ်ဖွဲ့များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၇ နာရီ မိနစ် ၅ဝ က ရသေ့တောင်မြို့နယ် ဒုံပိုက်ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခန့်အကွာရှိ ပုဒ်မ -၁၄၄ ထုတ်ပြန် ထားသည့်ဧရိယာအတွင်း၌ မောင်တင်ရွှေ အမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေ တစ်စင်းအား တွေ့ရှိခဲ့သည်။

အဆိုပါ ငါးဖမ်းစက်လှေအား သွားရောက်စစ်ဆေးရာ စက်လှေပေါ် တွင် လိုက်ပါလာသော ဇာဖောက်ရာမောက် (ဘ) မော်စတာကာမာရ်၊ မော်ဂူလ်(ဘ) အာလီအာမောက်၊ ဟာဖိတ်ဟူဆောင်း (ဘ)အဒူခေါ်ရိမ်၊ မာမတ်ဟူဆောင်(ဘ) အလီဟူဆောင်၊ မာမတ်အီနိုစ်(ဘ) ဟာမာမတ်အမိန်၊ မာမောက်ရော်ဖိတ် (ဘ) အဒူဂေါ်နီ၊ မာမောက်ရော်ဖိတ်(ဘ) နုရ်ဟာနှင့် မာမောက်ရော်ဟိမ်(ဘ) နူရ်မာမောက်တို့ကို ဖမ်းဆီးရမိခဲ့ သည်။
အဆိုပါဖမ်းဆီးရမိသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး အင်းဒင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၈ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်ပိုက် ကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့် အကွာ တောအတွင်း၌ နိုရူဆောင်း(ဘ) ဟူဆောင်း၊ အီလီယာစ်(ဘ) အဘူဆော် တီ၊ နိုဂူဘရှော့(ဘ) ရှော့မူလူနှင့် ခါမာန် ဟူဆိန်(ဘ) မာမွတ်ဆာလောင်တို့ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ သည်။
ဖမ်းဆီးရမိသူများအား ကြိမ်ချောင်း နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ မသင်္ကာဖွယ်တွေ့ရှိသူအချို့အား ဖမ်းဆီးရမိ  ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ မသင်္ကာဖွယ်တွေ့ရှိသူအချို့အား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.