နမ္မတူတံတားပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား


နိုဝင်ဘာ ၂၀၊ ၂၀၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ် အတွင်းရှိ နမ္မတူ တံတားပေါ်၌ ယနေ့နံနက်ပိုင်းတွင် ပါဂျဲရိုး ယာဉ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် သိန္နီမြို့နယ် အတွင်းရှိ နမ္မတူ တံတားပေါ်သို့ အမျိုးသားတစ်ဦး ပါဂျဲရိုး အမျိုးအစားယာဉ်ဖြင့် ရောက်ရှိလာပြီး တံတားပေါ်တွင် ယာဉ်အား ရပ်တန့်ရာ တံတားလုံခြုံရေး တာဝန်ကျအဖွဲ့မှ ရပ်တန့်ခြင်း မပြုရန် ပြောဆိုစဉ် အဆိုပါအမျိုးသားက ကားပေါ်မှ အထုတ်တစ်ထုတ် ကျကျန် ခဲ့သည်ဟု ပြောဆိုပြီး တံတား၏အနောက်ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ ထွက်ပြေးသွားစဉ် တံတားပေါ်၌ ရပ်တန့်ထားခဲ့သည့် ပါဂျဲရိုးယာဉ်ပေါ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မှာ ချောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် သိန္နီမြို့နယ်၊ ကောင်းဟော်ကျေးရွာနေ ဦးထွန်းအေး ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး သိန်းနီးမြို့နေ မနန်းတင်မျိုးခိုင်၊ မောင်ဇွဲထက်ကို တို့နှစ်ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာအနီးတွင် သိန္နီမြို့နယ် ၊ မန်ချက်ကျေးရွာနေ အိုက်အော (ခ) အောင်ဇေယျ (ဘ) ဦးလအိုက်အား မသင်္ကာဖွယ် တွေ့ရှိ၍ စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
နမ္မတူတံတားပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား  နမ္မတူတံတားပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.