ငွေတောင်ကျေးရွာ ငါးမွေမြူရေးကန်အနီး ယာဉ်တိုက်မှုဖြစ်ပွား


ဒီးမော့ဆို နိုဝင်ဘာ ၁၆

ကယားပြည်နယ် လွိုင်ကော်-ဒီးမော့ဆိုကားလမ်း ငွေတောင်ကျေးရွာ ငါးမွေးမြူရေးကန်အနီး မိုင်တိုင်အမှတ် ၁၂၂/၇ နှင့် ၁၂၃/၀ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လွိုင်ကော်-ဒီးမော့ဆိုကားလမ်း ငွေတောင်ကျေးရွာ ငါးမွေးမြူရေးကန်အနီး မိုင်တိုင်အမှတ် ၁၂၂/၇ နှင့် ၁၂၃/၀ ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒီးမော့ဆိုရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 လွိုင်ကော်မှ ဒီးမော့ဆိုသို့ ထော်လာဂျီ မောင်းနှင်လာသော ညေးရယ်(သ) ၂၆ နှစ် အား တင်မိုးဝင်း(သ) ၃၀ နှစ် မောင်းနှင်လာသော 8D ---- နံပါတ်ပါ TAW WIN LIGHT TRUCK ယာဉ်က နောက်မှ ဝင်တိုက်ရာ ထော်လာ ဂျီ မောင်းနှင်သူက ဒဏ်ရာရရှိခြင်း မရှိဘဲ နောက်မှလိုက်ပါသော ဦးအန်တောညိုမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲပါး၊ မျက်ခုံး၊ လက်ဖျံ၊ လက်ဖဝါး၊ ပေါင်၊ ဒူး ပွန်းခြစ်ဒဏ်ရာ ရရှိခဲ့ပြီး ဦးဗျားရယ်မှာ ဝဲဘက်ဦးခေါင်းနောက်စေ့၊ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ၊ ဝဲပခုံးပွန်းခြစ်ဒဏ်ရာ၊ ယာပေါင်ပွန်းခြစ်ဒဏ်ရာများ ရရှိပြီး ဒီးမော့ဆိုဆေးရုံတွင် ဆေးကုသခံယူ လျက် ရှိ ကြောင်း၊ မော်တော်ယာဉ်မောင်းနှင်သူမှာ ညာခြေသလုံးရိုးကျိုး ဒဏ်ရာ၊ ဝဲ/ယာ ဒူးအောက်ပေါက်ပြဲဒဏ်ရာ၊ ယာခြေဖဝါး ပေါက်ဖြဲဒဏ် ရာ၊ မေ့စေးပေါက်ပြဲဒဏ်ရာများ ရရှိကာ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်သူ ပန်ကန်းကျေးရွာ လွိုင်ကော်မြို့နေသူ တင်မိုးဝင်း(ဘ) ဦးသလုပ်အား ဥပဒေအရ အရေးယူဆောင်ရွက် ပေးပါရန် ဒုရဲအုပ် သူရကျော်က တိုင်တန်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ