အမည်မသိ လူသုံးဦးမှ ဓါးဖြင့်ထိုးသတ်သွားမှုဖြစ်ပွား

လူသတ်မှု ဖြစ်ပွားရာ နေရာ။ ။ ဓါတ်ပုံ - Soe Thiha
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ လက်ပြတိုင်အနီး နိုဝင်ဘာလ (၂၂) ရက် ည ၇ နာရီခွဲအချိန်ခန့် က အမည်မသိလူသုံးဦးမှ "နယူးလိုက်" လျှပ်စစ်ပစ္စည်းဆိုင် ပိုင်ရှင်ဖြစ်သူ ဇော်ဝင်းနိုင်အား ဓါးဖြင့်ထိုးသတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ကိုဇော်ဝင်းနိုင်သည် ညီဖြစ်သူ ကိုဇော်ထွေးနိုင် ၊ တူဖြစ်သူ ဝေယံဦး ၊ အလုပ်သမား အောင်လွင်ဦး တို့နှင့်အတူရှိနေစဉ် ကွမ်းယာဝယ်ရန် ထွက်ခွာသွားရာ သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

"သတ်တဲ့အကြောင်းအရင်က တရားခံမိမှပဲ သိရမှာ ဖြစ်တယ် ။ ဘယ်သူဘယ်ဝါသတ်သွားတယ်ဆိုတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်'ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ သတ်ခံရသူ၏ ညီဖြစ်သူ ကိုဇော်ထွေးနိုင် က တရားလိုပြုလုပ်၍ (ပ)၇၆၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ကျောက်ဆည်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်ဆည်မြို့တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့် လုယက်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် အများပြည်သူအနေဖြင့် စိုးရိမ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
အမည်မသိ လူသုံးဦးမှ ဓါးဖြင့်ထိုးသတ်သွားမှုဖြစ်ပွား  အမည်မသိ လူသုံးဦးမှ ဓါးဖြင့်ထိုးသတ်သွားမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.