(တာချီလိတ် နိုဝင်ဘာ ၂၄)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ် လမ်း၊ အိမ်အမှတ်(၅/၆)ရှိ ဦးပီတီ၏ ဆောက်လက်စ နေအိမ်အဆောက်အအုံ၌ ညစောင့်ပန်ရံအလုပ်သမားတစ်ဦး ရေချိုးရန်ပြင်ဆင်ရာမှ မီးကြိုးအဆက်နေရာ အား ကိုင်မိသဖြင့် ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ် နိုဝင်ဘာ ၂၃ ရက်နံနက်က ဖြစ်ပွားခဲ့သည်။
အမှုမှာ ဦးပီတီ၏ ဆောက်လက်စ နေအိမ်အဆောက် အအုံ အောက်ဆုံး ထပ်တွင် ညစောင့်ပန်းရံအလုပ်သမား သူရိန်မှာ ပက်လက်အနေအထားဖြင့် အပေါ်အင်္ကျီမပါ အတွင်းခံ ဘောင်းဘီဖြင့် ဓါတ်ကြိုးအားကိုင်၍ သေ ဆုံးနေကြောင်း သူရိန်၏ ဦးလေးတော်စပ်သူ ဦးမင်းသူမှ ထမင်း လာ ပို့ရင်းတွေ့ရှိသဖြင့် မီးပလပ်ကြိုးအား ဆွဲဖြုတ်ပြီ တူဖြစ်သူအား ခေါ်ကြည့်ရာ မရသဖြင့် အနီးအနားရှိ လူများအား အကူအညီတောင်းပြီး ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ စခန်းမှူး ဒုရဲမှူး ထိန်းလင်း၊ တာဝန်မှူး၊ သက်သေ ဆန်ဆိုင်း (ခ)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဦးအောင်မျှိုး လွင် တို့နှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးပီတီ၏ အောက် လုပ် စတိုက်ခန်း အောက်ဆုံးထပ်တင် သူရှိန်အား ပက်လက်အနေအထားဖြင့် ပါးစပ်မှ သွားရည်များယို၍ ဝဲလက်အတွင်း လျှပ်စစ်ကြိုးအဆက်အား ကိုင်လျက်ဝဲ ဘက်လက်ညိုး၊ လက်မတို့တွင် ညိုမဲ၊ စုတ်ပြဲ၊ သွေးထွက်လျက်၊ ပြင်ပဒဏ်ရာ မရှိ သေဆုံးနေသည်ကို တွေ့ရသဖြင့် အလောင်းအား ဆေးစာရေးသားပို့အပ် ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အမှုမှ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၆ရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။
မိုင်းမော(တြိဂံနယ်မြေ)
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
တာချီလိတ်၌ မီးကြိုးအဆက်ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:06
Rating:
