မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်


မိုင်းပျဉ်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာ တောင်ကြီး -ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၃၂၅/၁ နှင့် ၃၂၅/၂ ကြားတွင် နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက SUPER CUSTOM လိုင်းကား ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ မှ ကျိုင်းတုံ သို့ ယာဉ်မောင်း မျေိုးဝေအောင်(ခ) စောကြီး (၃၆)နှစ် ရွှေညောင်မြို့နေသူ မောင်းနှင်သည့် (5B/------) ရွှေဥဒေါင်း ခရီးသည်ယာဉ် လိုင်းကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားရာခဲ့သည်။


ယာဉ်ပေါ်၌ ယာဉ်မောင်းအပါအဝင် ၁၁ ဦးအနက် ၃ ဦး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြသဖြင့် မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့ဝင်များလာရောက်ကာ လိုအပ်သည်များ ကူညီခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အား မဆင်မခြင်းမောင်းနှင်သူ မျိုးဝေအောင် အား မိုင်းပျဉ်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

azm
မိုင်းပျဉ်း (ပြန်/ဆက်)
မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.