ယောကျာ်းစိတ်ပေါက်နေသူက ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်


နိုဝင်ဘာလ(၁၅)၊ ၂၁၀၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ယနေ့(နိုဝင်ဘာလ၁၅ရက်) နံနက်ပိုင်းတွင် ယောက်ျားစိတ်ပေါက်နေသူက ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဦးတင်ရွှေလမ်း တန်ဒါ(၂)အထည်ချုပ်စက်ရုံရှေ့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယောက်ျားစိတ်ပေါက်နေသူမှာ မဇင်မာဝင်းဖြစ်ပြီး ၄င်း၏ ရည်းစားဖြစ်သူမှာ မသီတာမွန်ဖြစ်ကြောင်း၊ မသီတာမွန်သည် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဂျင်းဘရားသား အထည်ချုပ်စက်ရုံသို့ အလုပ်ဆင်းရန် သွားရောက်စဉ် ရည်းစားသူဖြစ်သူ မဇင်မာဝင်းနှင့် စကားများခဲ့ကြောင်း သိရသည်။

“နှစ်ယောက်သား စကားများပြီး ယောက်ျားစိတ်ပေါက်နေတဲ့ ဇင်မာဝင်းက အနောက်ကနေ သီတာမွန်ကို ဓားနဲ့ လိုက်ထိုးသတ်တာ။ ပြီးတော့ သူ့ကိုယ်သူလည်း ပြန်ထိုးပြီး အဆုံးစီရင်သွားတာ။”ဟု လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

မဇင်မာဝင်းက ဓားဖြင့်ထိုးသတ်ခြင်းကြောင့် မသီတာမွန်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောကုန်းထိုးသွင်းဒဏ်ရာ (၃)ချက် ရရှိခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း၊ မဇင်မာဝင်းမှာ ၄င်း၏ ၀ဲဘက်ရင်အုံသို့ ဓားဖြင့်ထိုးကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းတွင် (ပ)၂၄၅၅/၂၀၁၆၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖူးပွင့်သူ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
ယောကျာ်းစိတ်ပေါက်နေသူက ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်  ယောကျာ်းစိတ်ပေါက်နေသူက ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင် Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.