မြောက်ဥက္ကလာဆေးရုံ၌ ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

မြောက်ဥက္ကလယဆေးရုံကြီးရှိ ရေကန်အုတ်တံတိုင်းပြိုကျနေစဉ်(ဓာတ်ပုံ- ကိုမြင့်ဇော်)
    ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

    မြောက်ဥက္ကာဆေးရုံကြီး၌ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး ပိကာ သေဆုံးမှုဖြစ်ပွားကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဆေးရုံမှဝန်ထမ်းများထံမှ သိရသည်။

အဆိုပါ ဆေးရုံကြီးအတွင်းရှိ မကြာမီက ဆောက်လုပ်ပြီးစီးထားသော ရေကန်အသစ်၌ ကလေးအနှီးများ လာရောက်လျှော်ဖွတ်နေသည့် အမျိုးသမီးကြီးတစ်ဦးသည် ရေကန် ကွဲကာ ပြိုကျမှုကြောင့် အုတ်ကန်ဘောင်  ပိပြီး သေဆုံးသွားကြောင်း သိရသည်။

“ဆေးရုံမှာ ကလေးလာမွေးတဲ့ အမျိုးသမီးရဲ့ အမေဆုံးသွားတာ၊ ရေကန်က အသစ်ကြီး ပြိုကျတာ ဒီအတိုင်းကိုပြိုကျတာ”ဟု ယင်းရေကန်ပြိုကျသည့်နေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com

မြောက်ဥက္ကလာဆေးရုံ၌ ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ  မြောက်ဥက္ကလာဆေးရုံ၌ ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.