အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦး နှင့် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ၁၇ ဦး ဖမ်းဆီးရမိ


မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦး နှင့် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ၁၇ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြဇင်ကျေးရွာသို့ ၀င်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါကျေးရွာနေ အဒူဟာမီ(ဘ) ရူးနာအာလီ၏ နေအိမ်အတွင်းမှ ၎င်းအပါအ၀င် တုတ်၊ ဓားများကိုင်ဆောင်ထားပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေသည့် မာမတ်တာလောင်(ဘ)မာကီမာလီ၊ မာဘာလောင်(ဘ)ကာလူး၊ အာလီရူးမား(ဘ)အဒူဟောက်၊ ဆော်ဒူအာမိန်(ဘ)အဒူလာလီ၊ ဘော်ရီဟူဆောင်း(ဘ)နာဇီဟူဆောင်း၊ နူရ်အာလောင်(ဘ)အူလာမျှား၊ ဘော်ရှီအာမက်(ဘ)နူဇီရာမောက်၊ မွတ်စတာကာမာ(ဘ)ကာလာမျှာ၊ အီဒီရက်စ်(ဘ)ရှောင်ရှူအာလောင်၊ ဆွေယော့တူဆောင်း(ဘ)ရှောအာလီ၊ မာမက်အစ္စလာမ်(ဘ)အဒူရှူကူ၊ အာဘူအာလောင်(ဘ)အော်လီအာမောက်နှင့် နူရ်ဟူဆောင်း(ဘ)ဒူဒူမျှား စုစုပေါင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများနှင့်အတူ အရိုး/အသွား ၃ ပေခန့်ရှိသည့် ဓားရှည် ၅ ချောင်း၊ အရိုး/အသွား ၁ ပေခွဲခန့်ရှိ ဓားမြှောင် ၈ ချောင်း၊ လုံးပတ် ၄ လက်မနှင့် အရှည် ၃ ပေခွဲရှိ သစ်သားတုတ် ၁ ချောင်း စုစုပေါင်း တုတ်၊ ဓား မျိုးစုံ ၁၄ ချောင်း ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၅ နာရီခန့်ကလည်း ပူးပေါင်းအဖွဲ့ဖြင့် မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာသို့ သတင်းအရ ၀င်ရောက်ရှင်းလင်းပြီး ကျေးရွာနေ ဘင်္ဂါလီများအား စနစ်တကျစစ်ဆေးခဲ့ရာ အကြမ်းဖက် သင်တန်းတက်ရောက်ပြီးသူ မူဟီအူလာ(ဘ)နိုရူအစ္စလာမ်၊ မာမွတ်စလာမ်(ဘ)ဘာစာများ၊ မာမွတ်ဆော်လိမ်(ဘ) မူကာမွတ်ရော်ဖီး၊ ဇော်ဖောအာလောင်(ဘ)နော်ဆီးဟာမွတ်၊ ရာမောက်ဒူလာ(ဘ) နိုရာအာလောင်၊ အာတာအူလာ(ဘ)ဖွေရာမောက်၊ ရော်ဖီး(ဘ)နော်ဇီရာမောက်၊ ဆွေသူရာမန်(ဘ) ဘော်ဒီအာမူ၊ မာမွတ်စလာမ်(ဘ)မာမွတ်စီးတီး၊ အဘူဟူဆောင်း(ဘ) ဖွေရာမောက်၊ မော်လ၀ီဖေရူအာမောက် (ဘ)ဒူဒန်တာမော်၊ မီကာစိန်(ဘ)နိုဟာချိန်း၊ ရော်ရှီးတာမောက် (ဘ)ဖွေဇာမောက်၊ ရော်ရှီးတာမောက်(ဘ) နာဒီဟူစိန်၊ အီဒီရစ်(ဘ) အာဘူစီးတီး၊ မော်လ၀ီမာမွတ်တာမီ(ဘ)ဟာဘစ်စာမောက်နှင့် ရာရာခါ(ဘ) အဘူရှာမာ စုစုပေါင်း ၁၇ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။


သိမ်းဆည်းရမိ လက်နက်များ၊ ဖမ်းဆီးရမိ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများနှင့် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကြိမ်ချောင်းရဲစခန်းနှင့် ကျီးကန်ပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်သို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦး နှင့် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ၁၇ ဦး ဖမ်းဆီးရမိ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦး နှင့် အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ ၁၇ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.