အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက မောင်တောမြို့နယ်အတွင်းရှိ ရေခပ်ချောင်းဂွဆုံကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး


နေပြည်တော်၊ နိုဝင်ဘာ ၁၅

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင်ပါဝင်သော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာများအား တပ်မတော်မှရဟတ်ယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် လှည်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ရေခပ်ချောင်းဂွဆုံကျေးရွာသို့ ညနေ ၃ နာရီအချိန်အရောက် အဆောက်အဦအချို့ မီးလောင်နေကြောင်းတွေ့ရှိရသဖြင့် ပတ်ဝန်းကျင်တွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများသို့ အကြောင်းကြား၍ ၀ိုင်းဝန်းမီးငြိမ်းသတ်စေခဲ့သည်။


အဆိုပါအကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မောင်တောနယ်မြေအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုများနှင့် ဖျက်ဆီးမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့များ အပေါ် အထင်အမြင်လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပြီးပါက တစ်ချို့သတင်းမီဒီယာများနှင့် ချိတ်ဆက်ပြီး လိမ်လည်သတင်းဖြန့်ချိခြင်း နိုင်ငံတကာမှ အထောက်အပံ့များ ရရှိအောင် လုပ်ကြံဖန်တီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက မောင်တောမြို့နယ်အတွင်းရှိ ရေခပ်ချောင်းဂွဆုံကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး  အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက မောင်တောမြို့နယ်အတွင်းရှိ ရေခပ်ချောင်းဂွဆုံကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.