အပြစ်မဲ့ကုမ္ပဏီဝန်ထမ်းသုံးဦးအား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ တစ်ဦးလွတ်မြောက်


နိုဝင်ဘာ ၂၂၊ ၂၀၁၆

ကွတ်ခိုင်မြို့နယ်အတွင်း လမ်းတိုးချဲ့ခြင်း လုပ်ကိုင်နေသော အော်ရီယမ် တယ်လ်ဟိုင်းဝေး တိုးဂိတ်မှ ယာဉ်မောင်းများ ဖြစ်သည့် ၀င်းထွဋ်ကျော် (၂၇) နှစ်၊ ကျော်ဇင်ဦး (၂၆) နှစ် နှင့် တင့်နိုင် (၃၀) နှစ် တို့ (၃) ဦးသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ (၁) နာရီတွင် ကွတ်ခိုင်မြို့၏ မြောက်ဘက် (၁၆) မိုင်ခန့် အကွာ လမ်းလုပ်ငန်းပြုလုပ်နေစဉ် KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။


၎င်းတို့ (၃) ဦးအနက် ကျော်ဇင်ဦးမှာ ထုရိုက်ခံရကာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက် လာခဲ့ပြီး လားရှိုးမြို့ ရှိ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ