ကျောင်းသူ (၁၂)ဦးအား မတော်မတရားလုပ်သည့် ကျောင်းဆရာအား ဖမ်းဆီးအရေးယူ


မန္တလေး၊ နိုဝင်ဘာ ၃။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော (၃)တန်းကျောင်းသူ၊ (၄) တန်းကျောင်းသူ စုစုပေါင်း ကျောင်းသူ ၁၂ဦးကို မတော်မတရားလုပ်သည့် ကျောင်းဆရာအား နိုဝင်ဘာလ (၂) ရက်နေ့က အမှု (၆)မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

ဥယျာဉ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း မှ မူလတန်းပြကျောင်းဆရာ ဦးစိုးမြင့်(ခ)ပေတိုးသည် ကျောင်းသူများအား ပါးနမ်းခြင်း၊ ရင်သားကိုင်ခြင်းနှင့် ယောက်ျားလိင်အင်္ဂါအပေါ်တက်ထိုင်ခိုင်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့်အတွက် အုပ်ထိန်း သူ (၆) ဦးမှ နိုဝင်ဘာလ (၁)ရက်နေ့က တစ်မှု နိုဝင်ဘာ (၂) ရက်နေ့က (၅)မှု ဖွင့်ထားကြောင်း သိရသည် ။

"ကျောင်းဆရာကိုတော့ ဖမ်းထားပါတယ်။ အမှုအခြေအနေကိုတော့ ဘာမှပြောပြလို့မရသေးပါဘူး။ ဒီနေ့လည်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"ဟု မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကျော်မိုးအောင်က ပြောသည် ။

ယင်း မူလတန်းပြကျောင်းဆရာ ဦးစိုးမြင့် (ခ) ပေတိုးအား (ပ)၃၇၆ - ၃၇၈ - ၃၇၉ - ၃၈၀ - ၃၈၁ - ၃၈၂ / ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၅၄ တို့ဖြင့် မိတ္တီလာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
ကျောင်းသူ (၁၂)ဦးအား မတော်မတရားလုပ်သည့် ကျောင်းဆရာအား ဖမ်းဆီးအရေးယူ  ကျောင်းသူ (၁၂)ဦးအား မတော်မတရားလုပ်သည့် ကျောင်းဆရာအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.