ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ပို့ဆောင်


နေပြည်တော်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် KIA/ MNDAA/ TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်၊ ကုန်သွယ်ရေးစခန်းဇုံ (၁၀၅)မိုင် ရဲစခန်းအား အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။


အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသခဲ့ရာ ဒဏ်ရာပြင်းထန်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသူ ဒေါ်ရှန်ဆွေ အသက် (၅၆) နှစ် တို့အား ယနေ့ ညနေ ၅ နာရီတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့မှ လားရှိုးမြို့သို့ သယ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ပို့ဆောင်  ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ပို့ဆောင် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.