ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ်

(အစိုးရအဖွဲ့ရုံး ဂိတ်-၄ အလုံလမ်းဘက်ကို ယခုည တွေ့ရစဉ်)
 ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး အောက်ထပ်မှာ ဒီကနေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ တိုင်းအစိုးရအဖွဲ့ လဝက ရုံး အောက်ဆုံးထပ်မှာ M-150 အချိုရည်ပုလင်းနဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲတာလို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပြောပါတယ်။

 အလားတူ မနေ့ကလည်း ဒဂုံမြို့သစ်တောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရုံးမှာ ပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုအားလုံးမှာ M150 အချိုရည်ပုလင်းကို အသုံးပြု ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ်  ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.