မက္ကာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပေါ် ဘင်္ဂလာဒေ့ရှ်ကပြင်းထန်စွာကန့်ကွက် ရှုတ်ချ


နိရဉ္စရာ၊ နိုဝင်ဘာ ၁

ယီမင်နိုင်ငံမှ ဟူသီ သူပုန်များက ဆော်ဒီအာရေဗီးယားရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေး အထွဋ်အမြတ်နေရာ မက္ကာအား ပစ်မှတ်ထားပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်သည့် သတင်း ထွက်ပေါ် လာမှု အပေါ် ဘင်္ဂလာဒေ့ရှ် နိင်ငံ အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ရာတွင် အစ္စလာမ် ဘာသာဝင် တို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ညီညွတ်မှုတို့ ပေါင်းဆုံရာ ဘာသာရေး အရ အထွဋ်အမြတ်ထားရာ နေရာအား ယခုလိုမျိုး တိုက်ခိုက်မှုကို လုံးဝ ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံ အနေဖြင့် ဆော်ဒီရှိသမိုင်းဝင် ဘာသာရေး အဆောက်အအုံ ဗလီကြီး ၂ ခုကို ကာကွယ်ရန်နှင် လုံခြုံမှု အပြည့်အ၀ အာမခံရန် ဆော်ဒီအာရေဗီးယား အစိုးရနှင့် ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်းကို အလေးအနက် ပြောလိုပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ယီမင်ပြည်တွင်းစစ်ကို ကြားဝင်ဆောင်ရွက် နေသော ဆော်ဒီ အစိုးရဦးဆောင်သော ညွန့်ပေါင်း အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ယီမင်နိုင်ငံရှိ ဟူသီ သူပုန်များသည် ဆော်ဒီ အာရေဗီးယားရှိ မက္ကာအား ရည်ရွယ်၍ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း မက္ကာအား တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း ဖော်ပြသည်။

ရှီယား မူဆလင်များ ဖြစ်ကြသော ဟူသီတို့မှ ဒုံးကျည် တစ်စင်း ဆော်ဒီအာရေဗီးယာသို့ ပစ်ခတ်ခဲ့ကြောင်းမှာ မှန်ကန်ကြောင်းကို သူတို့၏ တရားဝင် သတင်းဌာနမှ သတင်း ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းဒုံးကျည်မှာ ဆော်ဒီအာရေဗီးယားရှိ စီးပွားရေးမြို့တော် ဂျီးဒက် ( Jeddah) ရှိ King Abdulaziz နိုင်ငံတကာ လေဆိပ်ကို ရည်ရွယ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောကြားဟု ဆိုသည်။

(ဓာတ်ပုံ- ၂၀၁၅ ဧပြီလ ၁၅ ရက်နေ့က ဆော်ဒီအမြောက်တပ်ဖွဲ့မှ သူ့နိုင်ငံအနီးရှိ ယီမင် ဟူသီ သူပုန် အခြေစိုက်စခန်းကို အမြောက်ဖြင့် ပစ်ခတ်နေစဉ်/ ဓာတ်ပုံ- Reuters)

Ref: Bangladesh condemns reported missile attack targeting Makkah
Narinjara
https://www.facebook.com/Narinjara
မက္ကာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပေါ် ဘင်္ဂလာဒေ့ရှ်ကပြင်းထန်စွာကန့်ကွက် ရှုတ်ချ  မက္ကာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပေါ် ဘင်္ဂလာဒေ့ရှ်ကပြင်းထန်စွာကန့်ကွက် ရှုတ်ချ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.