တရုတ်နိုင်ငံအရှေ့ပိုင်း လုပ်ငန်းခွင်တစ်ခု၌ ငြမ်းကျိုးကျ၊ လူ ၆၇ ဦးသေဆုံး


ပေကျင်း နိုဝင်ဘာ ၂၄

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ် အားပေးစက်ရုံ လုပ်ငန်းခွင်တစ်ခု၌ ငြမ်းကျိုးကျခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၆၇ ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ယင်းဓာတ်အားပေးစက်ရုံသည် နိုင်ငံအရှေ့ပိုင်း ကျန်းရှီးခရိုင်တွင် တည်ရှိပြီး နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း တွင် ဆောက်လုပ်ရေး လုပ်သားများက ဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်နေ စဉ် ငြမ်းကျိုးကျခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများအောက်တွင် ပိတ်မိနေသော လုပ်သားများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဓာတ်အားပေးစက်ရုံတွင် ၁၆၈ မီတာရှည်လျားသော ဓာတ်ပေါင်းဖိုနှစ်ခုပါရှိမည်ဖြစ်သည်။

ဆင်ဟွာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ