ဒေသခံစစ်ဘေးရှောင် ပြည်သူ ၂၆၀၀ ကျော် မူဆယ်မြို့သို့ ရောက်ရှိလာ

 ဒေသခံစစ်ဘေးရှောင် ပြည်သူများ မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိ
နိုဝင်ဘာ ၂၁၊ ၂၀၁၆

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း၍ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့ စခန်းများနှင့် ၁၀၅မိုင်ကုန်သွယ်ရေး စခန်းတို့အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရသည်။


ဖြစ်စဉ်ကြောင့် စစ်ဘေးရှောင်ခဲ့ကြသည့် ဒေသခံပြည်သူ၂,၆၃၆ ဦးသည် ယာယီ ကယ်ဆယ်ရေးစခန်း (၅) ခုဖြစ်သည့် မူဆယ်မြို့ပေါ်ရှိနမ့်ခွန်ကျောင်း ၊ မဟာဝန် မြောက် ကျောင်း၊ ဇေတ၀န်ကမ္မဌာန်းကျောင်း ၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် အောင်မင်္ဂလာကျောင်းများသို့ ရောက်ရှိလာခဲ့ရာ ၄င်းတို့အား ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ဆန်အိတ် ၃၀၀၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀၀၊ သေဆုံးသူ တစ်ဦးလျှင် ကျပ် ငါးသိန်းမှဆယ်သိန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ သုံးသိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၄၇၅ စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။


ထို့ပြင် နိုဝင်ဘာ ၂၀ရက်မှ စတင်၍ ကယ်ဆယ်ရေးစခန်းရှိ စစ်ဘေးရှောင် ပြည်သူများအား နေ့စဉ် ထမင်းထုပ်များ၊ ရေသန့်ဘူးများ၊ အချိုရည်များ၊ အနွေးထည် နှင့် ခြုံစောင်များ ဝေငှပေးပြီး သေဆုံးသူ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးထားခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု များအတွက် သက်ဆိုင်ရာ ကျန်းမာရေး၊ ကုသရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ ယာယီဆေးခန်းများဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ဒေသခံစစ်ဘေးရှောင် ပြည်သူ ၂၆၀၀ ကျော် မူဆယ်မြို့သို့ ရောက်ရှိလာ  ဒေသခံစစ်ဘေးရှောင် ပြည်သူ ၂၆၀၀ ကျော် မူဆယ်မြို့သို့ ရောက်ရှိလာ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.