ဖိနပ်ချင်းလဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုဖြစ်


နိုဝင်ဘာလ(၁၄)ရက် ညနေပိုင်းက မုံရွာမြို့နယ် ကြာပိုင်ကျေးရွာမှာ ဖိနပ်ချင်းလဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ်ရာကနေ အသက်(၇၀)အရွယ် အဘိုးတစ်ဦး သေဆုံးခဲ့ပါတယ်။

 ကြာပိုင်ရွာမှာ နေထိုင်ကြတဲ့အသက်(၇၀)အရွယ်ဦးပေါဘုံနဲ့ (၂၈)နှစ်အရွယ် ထွန်းနိုင်တို့ဟာ ရွာတာဘောင်အနီးက ကွပ်ပျစ်မှာ အတူထိုင်ခဲ့ရာကနေ ထွန်းနိုင်အိမ်အပြန်မှာ ဦးပေါဘုံရဲ့ဖိနပ်စီးသွားတာကို အိမ်လိုက်ပြီး ဖိနပ်လဲရာကနေ စကားများရန်ဖြစ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 အဲဒီလိုစကားများရာမှာ ဦးပေါဘုံက ထွန်းနိုင်ကို သစ်ကိုင်းခြောက်နဲ့ ရိုက်ခဲ့တဲ့အတွက် ထွန်းနိုင်က (၃)ပေအရှည်ရှိတဲ့ ၀ါးဆစ်ပိတ်တုတ်နဲ့ ခေါင်းကိုရိုက်ကာ အဲဒီတုတ်မှာတပ်ထားတဲ့ တစ်ထွာလောက်ရှည်တဲ့ ကြွက်ထိုးမှိန်းနဲ့ ရင်ညွှန့်ကို ထိုးသွင်းခဲ့တာကြောင့် ဦးပေါဘုံဟာ နေရာမှာတင် သေဆုံးခဲ့တာဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်း စခန်းမှူးကပြောပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်နေပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ဖိနပ်ချင်းလဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုဖြစ်  ဖိနပ်ချင်းလဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.