လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်သည့် သံသဃရှိသူများအား ဖမ်းဆီးရမိ

စက်တင်ဘာလအတွင်း လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်သည့် သံသဃရှိသူများအားဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ-၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၁)ဖုမင်လမ်းတွင် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မော်တော်ယာဉ်နှစ်စီးပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးဒေသခံပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းအရ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်လုံကျိုင်းစစ်ဆေးရေးဂိတ်အနီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ သံသဃရှိသူ ကျန်ကျားကျယ်(ခ)ကျော်ရင်(ဘ)ဦးကျော်ထယ်ချန်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ ညနေ ၆ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၊ ရှင်ဖုတံတားအနီး ဆောက် လုပ်ဆဲ နေအိမ်၌သံယဃရှိသည့် လီကော်ကျွမ်း(ခ)လောက်ကျွင်း (ဘ) ဦးလီဝှာထင်၊ ၀မ်လောက်ဖူး(ဘ)ဦးဝမ်စန်း၊ လွမ်းဟောင်(ခ)ကွေ့ပေါက်(ဘ) ဦးတောင်လွမ်းတို့အား လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကော်တုံ ၂ လမ်းရှိ နေအိမ်အတွင်းမှ သံသဃရှိသည့် ရန်ကျားဝှာ(ခ)ရန်အဲ(ဘ) ဦးရန်ကျိန်းဖူးနှင့် လီကျိန်ကျင်း(ခ)လောက်ကျွင်း(ဘ)ဦးလီလောက်မျင်တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ ကျန်ကျားကျယ်သည် ကားဗုံးဖောက်ခွဲ မှုဖြစ်စဉ်တွင် လက်လုပ်ဗုံးအားတပ်ဆင်ခဲ့ပြီး လီကော်ကျွမ်း(ခ)ရှောင်လီသည် ဗုံးအား ကား၏ အနောက်ခန်းတွင် ထားရှိခဲ့သူဖြစ်ကြောင်း၊ ရန်ကျားဝှာ(ခ)ရန်အဲမှာ ကားဗုံးအား ဖောက်ခွဲခဲ့သူများဖြစ်ကြောင်းသိရှိရသည်။

ဖောက်ခွဲမှုကိုစီစဉ်သူမှာလောက်ကိုင်မြို့ အမှတ်(၁)ရပ်ကွက်နေ ကွမ်းတုံဆိုသူ ဖြစ်ပြီး နောက်ကွယ်မှ အဓိကစေခိုင်းသူမှာ မိုင်းလားမြို့နေ ရန်ကွယ်ချန် ဆိုသူဖြစ် ကြောင်းနှင့် ကွမ်းတုံမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် သံသဃရှိသူ ၆ ဦးအား လောက်ကိုင်မြို့ မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းပေးအပ်ပြီး ပါဝင်ပတ်သက်သူများထပ်မံ ဖမ်းဆီးရမိရေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်သည့် သံသဃရှိသူများအား ဖမ်းဆီးရမိ  လောက်ကိုင်မြို့၌ ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်သည့် သံသဃရှိသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.