တုတ်​ထိုးအိုး​ပေါက်​​ပြောတတ်​တဲ့အကျင့်​ကို ပြင်မရဘူးဟု ဦးဝင်းထိန်​​ပြော


အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၏ အတွင်း​ရေးမှူးအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သော ဦးဝင်းထိန်​က စကား​ပြောဆိုသည့်​အခါတွင်​ တုတ်​ထိုးအိုး​ပေါက်​​ပြောတတ်​သည့်အကျင့်​ကို ပြင်​လို့ မရ​ကြောင်း တာ​မွေမြို့နယ်​၊ Sky star ဟိုတယ်၌ ယနေ့ (နိုဝင်ဘာ ၁) ပြုလုပ်​​သော ရန်​ကုန်​တိုင်း​ဒေသကြီး NLD ၏ ဆဌမအကြိမ်​​မြောက်​ တိုင်း ခရိုင်​ မြို့နယ်​များ စုံညီ​တွေ့ဆုံပွဲတွင်​ ​ပြောကြားလိုက်သည်​ ။

"ကျွန်​​တော်​ အတွင်း​ရေးမှူးအ​နေနဲ့ တာဝန်​ထမ်း​ဆောင်​တဲ့အခါမှာ ​ပြောတာဆိုတာမှားရင်​ လွန်​တာရှိရင်​​တော့ ​တောင်းပန်​ပါတယ်​။ သို့​သော်​လည်းပဲ ကျွန်​​တော်​​ပြောတဲ့စကား​တွေက အမှားတခုမှ မရှိဘူး။ ​နောင်​တစရာတ​ခုမှ မရှိဘူး။ ဒါ​ကြောင့်​မို့ ကက်ကက်စေ့လန်​ တုတ်​ထိုးအိုး​ပေါက်​​ပြောတတ်​တဲ့ ဝါသနာအရ သူများ​တွေ ထိခိုက်​သွားမှာကို​တော့ ကျွန်​​တော်​ စိတ်​ထဲမှာ​တော့ သတိထားဖြစ်​ပါတယ်​။ သို့​သော်​ အကျင့်​ဆိုတာ ပြင်​လို့မှမရဘဲ '' ဦးဝင်းထိန်က​ပြောသည်​။

ဦးဝင်ထိန်းသည် လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မှ NLD အဖွဲ့ဝင်အချို့ကို ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ ကော်မတီဖွဲ့စစ်ဆေးခြင်းခံနေရသည့်အပြင် လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း နိုင်ငံရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနှင့် စကားအခြေအတင် ဖြစ်ခဲ့သေးသည်။ ဦးဝင်းထိန်က ဒေါက်တာရန်မျိုးသိမ်း ထောင်မှလွတ်၍ ဆေးကျောင်းဆက်တက်ခွင့်ရခဲ့ခြင်းမှာ သက်ဆိုင်ရာနှင့်အပေးအယူလုပ်ခဲ့ခြင်းကြောင့်ဟု ပြည်တွင်ဂျာနယ်တစောင်သို့ ပြောခဲ့သဖြင့် အဆိုပါပြောကြားချက် မဟုတ်မှန်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လင်းလင်း​အောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
တုတ်​ထိုးအိုး​ပေါက်​​ပြောတတ်​တဲ့အကျင့်​ကို ပြင်မရဘူးဟု ဦးဝင်းထိန်​​ပြော တုတ်​ထိုးအိုး​ပေါက်​​ပြောတတ်​တဲ့အကျင့်​ကို ပြင်မရဘူးဟု ဦးဝင်းထိန်​​ပြော Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.