ပြည်ကြီးတံခွန် မြို့နယ်တွင် အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


နိုဝင်ဘာ ၁၂

မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ ချမ်းမြသာယာ ရပ်ကွက် ကျွဲဆည်ကန် (၁၂) လမ်း၊ လမ်းသွယ် (၆)× (၇) ကြား၊ အိမ်းအမှတ် စ/၄ ရှိ ဒေါ်တင်တင်ဝင်း၏ RC တစ်ထပ်တိုက် နေအိမ်တွင် တပ်ဆင် ထားသော အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ တဆင့် (၁၀× ၄၀) ပေ ပတ်လည် အခန်းအား နိုဝင်ဘာ ၁၂ ရက် နံနက် ၀၀း၂၀ မိနစ် က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်ရာသို့ တိုင်းမီးသတ် ဦးစီးမှူး၊ ဒုတိယတိုင်း မီးသတ် ဦးစီးမှူး၊ ခရိုင် မီးသတ် ဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မီးငြှိမ်းသတ်ယာဉ် (၃၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေမီးသတ်၊ (၅၅)ဦး၊ အရန်မီးသတ် (၈၀) ဦးနှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၀၀း၅၄ နာရီ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု တစုံတရာ မရှိကြောင်းနှင့် မီးပေါ့ဆစွာ ဆောင်ရွက်သူ ဒေါ်တင်တင်ဝင်းအား ပြည်ကြီး တံခွန် မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဇော်မင်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပြည်ကြီးတံခွန် မြို့နယ်တွင် အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ် ပြည်ကြီးတံခွန် မြို့နယ်တွင် အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 12:45 Rating: 5
Powered by Blogger.