ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကို သုံးလခန့်သာ ဖွင့်လှစ်ခွင့်ပြုထားဟုဆို


မော်လမြိုင်၊ နိုဝင်ဘာ ၈ ။ ။ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီရှိရာ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကို ဘုရားဖူး ဧည့်သည်များ အဆင်ပြေစေရေးအတွက် သုံးလခန့်သာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်း (နေပြည်တော်) က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အဓိက ကတော့ ဧည့်သည်တွေတည်းဖို့ အခက်အခဲဖြစ်မှာစိုးလို့ ဝန်ကြီးဌာနအနေနဲ့ ဒါကိုပြန်ပြီး ဖွင့်ခွင့် ပေးထားတာပေါ့၊ လောလောဆယ်တော့ သုံးလဖွင့်လှစ်ခွင့် ပြုထားတာပါ အောက်တိုဘာ ၁၅ ရက်ကနေ ဇန်နဝါရီ လလယ်ပိုင်းလောက်ထိပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိဖြေလျှော့ပေးထားမှုနှင့် ပတ်သက်၍ စောင့်ကြည့်လျက်ရှိပြီး ခွင့်ပြုချိန်ကျော်လွန်ပါက ဝန်ကြီးဌာန ညွှန်ကြားချက်များအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိသဖြင့် လုပ်ငန်းလိုင်စင် ရုပ်သိမ်းထားသော်လည်း ကြိုတင် ရောင်းချပြီးဖြစ်သော ဟိုတယ်အခန်းများအတွက် လုပ်ငန်းရှင်မှ အသနားခံ တင်ပြမှုများကြောင့် အထက်ပါ အတိုင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟိန်းထက်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကို သုံးလခန့်သာ ဖွင့်လှစ်ခွင့်ပြုထားဟုဆို ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကို သုံးလခန့်သာ ဖွင့်လှစ်ခွင့်ပြုထားဟုဆို Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.