နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း


(၃-၁၁-၂၀၁၆ ရက်နေ့၊ ကျိုတိုမြို့)

ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယင်းတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေ သည့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ ၊ လွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးမေးမြန်းမှုအခမ်းအနားအား ဆက်လက်ပြု လုပ်ခဲ့ကြောင်း၊ ကျောင်းသား/ ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျိုတိုတက္ကသိုလ်အပါအ၀င် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ်များတွင် ပညာသင်ကြား လျက်ရှိသည့် မြန်မာနိုင်ငံမှ ပညာတော်သင် ၀န်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းလည်းသိရှိရပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၆း၃၀ နာရီတွင် ကျိုတို နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိရာ အသင့်စောင့်ကြိုလျက်ရှိသည့် Rryogoku တက္ကသိုလ်မှ Emeritus Professor Mr. Otsu နှင့် ကျောင်းသူ ကျာင်းသားများအား နှုတ်ဆက်စကားပြောကြားကာ သိရှိလိုသည့် မေးမြန်းမှုများအားဖြေကြားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြိုမှ ကျိုတိုမြို့သို့ ဒေသစံတော်ချိန် ၁၃း၁၇ နာရီတွင် Shinkansen ရထားဖြင့်ရောက်ရှိခဲ့ကြောင်းနှင့် ကျိုတိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက် မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့
- ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.