ခိုလမ်နှင့်ကာလိကြားတွင် ယာဉ်တိမ်းမှောက်၍ မောင်းလာသည့် ရဟန်းတော်တစ်ပါးပျံလွန်တော်မူ


(ခိုလမ်၊ နိုဝင်ဘာ ၃၀)

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနံက်ပိုင်းက ကာလိမြို့နယ်ခွဲ၊ ကာလိကျေးရွာအနီးတွင် လူစီးယာဉ်ငယ်တစ်စီး လမ်းဘေးကမ္ဘားယံကိုဝင်တိုက်၍ အဆိုပါယာဉ်အား မောင်းနှင်လာသူ ရဟန်းတော်မှာ အချင်းဖြစ်နေရာတွင်ပင် ပျံလွန်တော်မူသွားကြောင်း ကာလိမြို့နယ်ခွဲရဲစခန်းမှ သတင်းရရှိသည်။

“အရှိန်မထိန်းဘဲ လမ်းညာဖက်ရေမြောင်းထဲ ထိုးကျ လမ်းဘေးကမ္ဘားယံကိုဝင်တိုက်ပြီး အခင်းဖြစ်နေရာ မှာဘဲ ကိုယ်တော်ကြီးပျံလွန်တော်မူလို့ ခိုလန်ကုတင်(၁၀၀)ဆေးရုံကိုပေးပို့လိုက်ပြီး အမှုဖွင့်ဆောင်ရွက် နေပါ တယ်“ဟု ကာလိမြို့နယ်ခွဲရဲစခန်းမှ ရဲအုပ်ရဲနောင်စိုးက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ရက် နေ့ နံနက်၁၀နာရိမိနစ်၂၀ခန့်တွင် ခိုလန်မှ ၁၁မိုင်အကွာ ကွန်ဟိန်း နမ့်စမ်လမ်းမ၏ ယာဘက်တွင် အ၀ါရောင်သာသနာနံပါတ်တပ် လူစီးယာဉ်ငယ်တစ်စီး လမ်းဘေးထိုးကျ လမ်းဘေးကမ္ဘား ယံကိုဝင်တိုက်ပြီးရဟန်းတော်တစ်ပါး ပျံလွန်တော်မူနေကြောင်းသတင်းအရ ကာလိရဲစခန်းမှသွားရောက်စစ်ဆေးရာ ကွန်ဟိန်းမှနမ့်စမ်သို့ ကွန်ဟိန်း လောကပါလကျောင်းတိုက်မှ ဦးပဉ္စင်းဥုးဝါယမ သက်တော်(၇၀)၊၀ါတော်(၃)၀ါ၊ မောင်းလာသည့် RLG9167 သာသနာ့နံပါတ်တပ် ကားငယ်မှာ မိုင်တိုင်၂၁၇/၇အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် လမ်းဘေးကမ္ဘားယံကိုဝင်တိုက်မိကာ ယာဉ်မောင်းရဟန်းမှာ နေရာတွင်ပင် ပျံလွန်တော်မူသွား ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ရဲလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ထားရှိသည့်ဖြစ်စဉ်ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုအားခိုလန်ရဲစခန်းမှ (ပ) ၁၂/၂၀၁၆ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တရားလိုအဖြစ် လွယ်လင် ယာဉ်ထိန်းတပ်ဖွဲ့(၁၁၅)မှဒုရဲအုပ်ဇော်ထက်ပိုင်က ဆောင်ရွက်၍ အမှုစစ်အဖြစ် ရဲအုပ်ရဲနောင်စိုးမှ ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။

မင်းဇော်မင်း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
ခိုလမ်နှင့်ကာလိကြားတွင် ယာဉ်တိမ်းမှောက်၍ မောင်းလာသည့် ရဟန်းတော်တစ်ပါးပျံလွန်တော်မူ ခိုလမ်နှင့်ကာလိကြားတွင် ယာဉ်တိမ်းမှောက်၍ မောင်းလာသည့် ရဟန်းတော်တစ်ပါးပျံလွန်တော်မူ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.