ရှမ်းမြောက် ကွတ်ခိုင်တွင် ရောဂါဖြစ်ပြီး ကျွဲး နွား သေဆုံးမှုဖြစ်ပွားနေ


ရှမ်းပြည်မြှောက်ပိုင်း၊ကွတ်ခိုင်မြို့ နယ်တ၀ိုက်တွင် ကျွဲး ၊ နွားများ ၀မ်းလျှြော့ခင်း ၊ခြေသည်းအနာဖြစ်ခြင်း
ပါးစပ်အနာဖြစ်ခြင်း တို့ဖြစ်ပြီး ရက်ပိုင်းအတွင် သေဆုံးမှုများဖြစ်နေကြောင်း သတင်းရရှိသည်။

၂၀၁၆ စက်တင်ဘာ (၂) ခန့်က စတင်ဖြစ်ပွားကာ ကျွဲ နွားပေါင်း အကောင် ၈၀ ခန့်သေဆုံးပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

အဓိက ဖြစ်သည့်ဒေသမှာ ကွတ်ခိုင်မြို့ မှ ၃ မိုင် ဝေးသော နောင်ဗက်ကျေးရွာ နှင့် ၁၆ မိုင် ရှိသော နမ့်ရိမ်းကျေးရွာ၊ နောင်ဟန်ကျေးရွာ၊ လုံလန်းကျေးရွာ၊ နောင်ဆိုင်ကျေးရွာ၊ လုံဝိုင်ကျေးရွာ၊ မန်ပိန်းကျေးရွာ၊ ထွယ်ဆန်ယန်ကျေးရွာများတွင် ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

“ ကျွန်တော်တို့အိမ်ကတော့ ကျွဲ ၁၂ ကောင် (၃) ရက်အတွင်းသေသွားပြီ။”ထွယ်ဆန်ကျေးရွာမှ ကိုဒေါင်ဇောင်းမှပြောသည်။

အဆိုပါကျွဲ ၁၂ အား ရောင်းပါက သိန်း တစ်ရာကျော်ရရှိမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ရောဂါကျရောက်ပြီးကျွဲ၊နွားများသေဆုးံမူ ကြောင့် ကျွဲ၊နွားများရောင်းဝယ်ရေးတွင်ဈေးနုန်းမရကြောင်းကိုလည်းဒေသခံများကဆိုသည်။

ရှမ်းပြည်မြှောက်ပိုင်း နှင့်ကွတ်ခိုင်မြို့ နယ်ဒေသများသည် ဆန်စပါး၊ပြောင်း ပြီးနောက် ကျွဲ ၊နွားများကိုအဓိကမွေးမြူ လုပ်ကိုင် စားသောက်လျက်ရှိသော နေရာဖြစ်သည်။

Kachinwaves
https://www.facebook.com/kachinwavesnews/

ရှမ်းမြောက် ကွတ်ခိုင်တွင် ရောဂါဖြစ်ပြီး ကျွဲး နွား သေဆုံးမှုဖြစ်ပွားနေ  ရှမ်းမြောက် ကွတ်ခိုင်တွင် ရောဂါဖြစ်ပြီး ကျွဲး နွား သေဆုံးမှုဖြစ်ပွားနေ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.