ကုလသမဂ္ဂဌာနညှိနိုင်းရေးမှူး မောင်တောသို့ရောက်ရှိ၊ မွတ်ဆလင်ရွာသားများနှင့်တွေ့ဆုံ


ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာဌာနေညှိနှိုင်းရေးမှူး ရီနာတာဒက်စ်ဆယ်လီရန်နှင့်မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံအမတ်များပါဝင်သောအဖွဲ့သည် အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ရောက်ရှိနေပြီး မွတ်ဆလင် ကျေးရွာသားများနှင့်တွေ့ဆုံလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ အဖွဲ့သည် နိုင်ဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မှ စစ်တွေမြို့သို့ရောက်ရှိလာပြီး ထိုမှတဆင့် မောင်တောမြို့နယ်သို့သွားရောက်ကာ လက်ရှိအချိန်တွင် ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ၀ါးပိတ်ကျေးရွာ၊ ကျီးကန်းပြင်ကျေးရွာများသို့ သွားရောက်ကာ မွတ်ဆလင်ကျေးရွာသားများနှင့်တွေ့ဆုံနေကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦီးကျော်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအ၀င် ရန်ကုန်မြို့ရှိ အမေရိကန်၊ ဗြိတိန်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီစသည့် သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများလည်း လိုက်ပါလာကြသည်။ ယင်းအဖွဲ့သည် နိုင်ဝင်ဘာလ ၂ ရက်မှ ၃ ရက်နေ့အထိ မောင်တောဒေသအတွင်း လေ့လာမည်ဖြစ်ကြောင်း သိရသည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ကုလသမဂ္ဂဌာနညှိနိုင်းရေးမှူး မောင်တောသို့ရောက်ရှိ၊ မွတ်ဆလင်ရွာသားများနှင့်တွေ့ဆုံ ကုလသမဂ္ဂဌာနညှိနိုင်းရေးမှူး မောင်တောသို့ရောက်ရှိ၊ မွတ်ဆလင်ရွာသားများနှင့်တွေ့ဆုံ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.