ကမာရွတ် ရထားသံလမ်းပေါ်က မိန်းကလေးငယ်သေဆုံးမှု ပြစ်မှုကျူးလွန်သူကို ဒီကနေ့ နေ့လည်ထိ ဖမ်းဆီးရမိခြင်းမရှိသေး


ကမာရွတ်မြို့နယ် ရထားသံလမ်းပေါ်မှာ အသက် (၁၀)နှစ်အရွယ် ပန်းရောင်းတဲ့ မိန်းကလေးငယ်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို နိုဝင်ဘာလ (၂၅) ရက်နေ့ ဒီကနေ့နေ့လည်ပိုင်းအထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ကမာရွတ်မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်မောင်မောင်သန်းက ပြောပါ တယ်။

 ဖြစ်စဉ်ကတော့ မနေ့က ညနေပိုင်းလောက်မှာ လှည်းတန်းဂုံး တံတားအောက် မဌေးနဲ့ အသက် (၁၀)နှစ်အရွယ် မ၀င်းဝင်းအေးဆိုသူတို့ ပန်းရောင်းနေစဉ် မဌေးရဲ့ညီမဖြစ်သူ မိဆယ်ရဲ့ ခင်ပွန်းဟောင်း ကျော်ကြီး (ခေါ်) ပြာဂလောင် ရောက်ရှိလာပြီး သူတစ်ယောက်တည်း ပိုက်ဆံတောင်းရ တာမဆင်မပြေတဲ့အတွက် သမီးဖြစ်သူကိုထည့်ပေးဖို့ ပြောခဲ့ပါတယ်။

 မိခင်ဖြစ်သူ မဌေးကလည်း သမီးဖြစ်သူကို ထည့်ပေးလိုက်ပြီး ည(၇)နာရီ (၄၅)မိနစ်အချိန်မှာတော့ ကျော်ကြီး (ခေါ်) ပြာဂလောင်တစ်ယောက် တည်း ပြန်ရောက်လာခဲ့ပါတယ်။

 သမီးဖြစ်သူကို မေးမြန်းရာမှာတော့ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ၊ မိခင်ဖြစ်သူက ပြန်ရောက်သေးတဲ့ အကြောင်းပြောရာ သူကလိုက်ရှာဦးမယ်လို့ ပြောပြီး အင်းယားကန်ဘောင် ဘက်ကို ထွက်သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။


 အဲဒီအချိန်မှာ ကမာရွတ်မြို့နယ် ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်မှာ အသက် (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကို တွေ့ရသလို အခင်းဖြစ်ရာအနီးနားမှာလည်း လွယ်အိတ်(၂)လုံးနဲ့ ခဲတံချွန်ဓားတစ်ချောင်းကို တွေ့ခဲ့ရပါတယ်။

 ရဲတပ်ဖွဲ့ကလည်း မိန်းကလေးငယ်တစ်ဦးသေဆုံးနေကြောင်း ဓာတ်ပုံပြပြီး လိုက်ရှာ ခဲ့ရာ သေဆုံးသူရဲ့ မိခင်ကို ပြသခဲ့တဲ့အတွက် အတည်ပြုနိုင်ခဲ့သလို အနီးနားက လွယ်အိတ်ဟာလည်း ကျော်ကြီး (ခေါ်) ပြာဂလောင်ရဲ့ လွယ်အိတ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းက (ပ) (၆၄၁/၂၀၁၆)၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးစုံစမ်းနေတာဖြစ်ပါတယ်။

ဓာတ်ပုံ - Yangon Police
5 Plus News
https://www.facebook.com/5plusnews
ကမာရွတ် ရထားသံလမ်းပေါ်က မိန်းကလေးငယ်သေဆုံးမှု ပြစ်မှုကျူးလွန်သူကို ဒီကနေ့ နေ့လည်ထိ ဖမ်းဆီးရမိခြင်းမရှိသေး  ကမာရွတ် ရထားသံလမ်းပေါ်က မိန်းကလေးငယ်သေဆုံးမှု ပြစ်မှုကျူးလွန်သူကို ဒီကနေ့ နေ့လည်ထိ ဖမ်းဆီးရမိခြင်းမရှိသေး Reviewed by THITHTOOLWIN on 15:11 Rating: 5
Powered by Blogger.