ဂီယာဝင်နေသောယာဉ်ကို စက်နှိုးရာမှ စက်ရုံဆင်း အမျိုးသမီးကို တိုက်မိ၍ သေဆုံး


ရန်ကုန် နိုဝင်ဘာ ၁၅

လှိုင်သာယာမြို့နယ်၌ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီက ဗိုလ်အောင်ကျော် အိမ်ရာ တိုက်(၄)မြေညီထပ် လူသွား လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ စက်ရုံဆင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းက ဗိုလ်အောင် ကျော်အိမ်ရာ တိုက်(၄) မြေညီထပ် အခန်း (ဝဝ၂)မှ ယာဉ်မောင်း ဦးစောဝင်း (၅၅ နှစ်)သည် Light Truck YGN-8B/------- ကို မောင်းထွက်စဉ် နောက်ပြန် ဂီယာဝင်နေသည်ကို ဂီယာ ဖြုတ်ထားသည်ထင်၍ စက်နှိုးရာ နောက်သို့ ထွက်သွားပြီး အရှေ့သို့ လျှောက်လာသော မဝင်းသူဇာ (၃၁ နှစ်) စက်ရုံဆင်းနေသူကို တိုက်မိ၍ လဲကျ သွားစဉ် ကြိတ်မိသည့်အတွက် သေဆုံး သွားပြီး တိုက်(၄) အခန်း (ဝဝ၂)၏ ရှေ့အုတ်နံရံကို ထပ်မံတိုက်မိကာ ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဦးစောဝင်း ကို လှိုင်သာယာမြို့မ ရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဂီယာဝင်နေသောယာဉ်ကို စက်နှိုးရာမှ စက်ရုံဆင်း အမျိုးသမီးကို တိုက်မိ၍ သေဆုံး  ဂီယာဝင်နေသောယာဉ်ကို စက်နှိုးရာမှ စက်ရုံဆင်း အမျိုးသမီးကို တိုက်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 10:34 Rating: 5
Powered by Blogger.