အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် လျှပ်စစ်မီးကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၇

၆.၁၁.၂၀၁၆ ရက်နေ့ ၂၀၂၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၃)၊ ဦးထွန်းညိုလမ်းရှိ အာရှသမာဓိအထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့်
၂၁၀၂ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရပါသည်။


ဖြစ်စဉ်မှာ အဆိုပါစက်ရုံရှိ ပင်မဂိုထောင်ဘေးတွင် အဖီချထားသော အဆောက်အဦသို့သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးမှာ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ အဆောက်အဦနှင့် အထည်ဖြတ်စများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် စက်ရုံမန်နေဂျာ ကိုစိုင်းထွန်းလင်းအား အင်းစိန်မြို့မရဲစခန်း (ပ)၂၃၉၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ