မြစ်ကြီးနား၌ ရပ်ထားသောရထားကို ကုန်ရထားက မျက်နှာချင်းဆိုင်မှ ဝင်တိုက်


မြစ်ကြီးနား နိုဝင်ဘာ ၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင် ဘူတာယာဒ်ဝင်း အတွင်းရပ်ထားသော မီးရထားကို မိုးညှင်းဘူတာမှထွက်ခွာလာသော ကုန်ရထားက နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း ၂ နာရီခွဲခန့်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

ပြည်ထောင်ဘူတာယာဒ်ဝင်းအတွင်း မိုင်တိုင်အမှတ် (၇၁ဝ/၁၆-၂ဝ) ကြား အမှတ် ၂ သံလမ်းတွင်ရပ်ထားသော အမှတ်(၈၁ဝ) အစုန် (မြစ်ကြီးနား-မြို့ဟောင်း)ဆီလုံးတွဲ အခွံ ရထားစက်ခေါင်းအမှတ် DF - 1346 နှင့် မိုးညှင်းဘူတာမှ ထွက်ခွာလာ သောရထားအမှတ်(၂၄၇)အဆန် မိုးညှင်း - မြစ်ကြီးနား ကုန်ရထားစက်ခေါင်းအမှတ်DD - 1519 တို့ မျက်နှာချင်း ဆိုင်တိုက် မိခဲ့ကြောင်း သိရသည်။

ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိသည့်အတွက်ကြောင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ရထားလမ်းပိတ်ဆို့မှုမရှိဘဲ ပုံမှန်ပြေး ဆွဲလျက်ရှိကြောင်း မြစ်ကြီးနားရထားရဲစခန်းမှ သိရသည်။

မင်းရာဇာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြစ်ကြီးနား၌ ရပ်ထားသောရထားကို ကုန်ရထားက မျက်နှာချင်းဆိုင်မှ ဝင်တိုက် မြစ်ကြီးနား၌ ရပ်ထားသောရထားကို ကုန်ရထားက မျက်နှာချင်းဆိုင်မှ ဝင်တိုက် Reviewed by THITHTOOLWIN on 13:16 Rating: 5
Powered by Blogger.