ကရင်ပြည်နယ် သံဃာ ၂၅ ပါးနှင့် မူလတန်းကျောင်းသား ၆၉ ဦးခေါက်ဆွဲကြော် စားပြီး အစာအဆိပ်သင့်မှုဖြစ်


ဘားအံမြို့ အမှတ်(၈)မူလတန်းကျောင်းနှင့် အမှတ်(၁၃)မူလတန်း ကျောင်းတို့ မှ ကျောင်း သား/သူများ အစာ အဆိပ်သင့်မှုဖြစ်ပွား

ဘားအံ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၉) ရပ်ကွက်ရှိ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ခွဲကဘောင်ပညာ့ဥယျာဉ် ဘုန်းတော်ကြီးကျောင်းသို့ ဓမ္မစကူးသင်တန်း တက်ရောက်ခဲ့ကြပြီး နံနက် ၁၁ နာရီအချိန်တွင် သင်တန်းပြီးစီး၍ အာဟာရအဖြစ် ခေါက်ဆွဲကြော်စားသုံးခဲ့ကြရာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အစာအဆိပ်သင့် ဖြစ်ပွားမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့ ကျောင်းချိန်တွင် ကျောင်းသား/သူများ ကျောင်းသို့ ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းမေးမြန်းရာ ကလေးများ ဖျား၊ တုန်ချမ်း၊ အန်၊ ၀မ်းသွား နေကြသဖြင့် ကျောင်းတက် နိုင်ခြင်းမရှိသည်ကို သိရှိရပြီး အမှတ်(၁၃)ကျောင်းအုပ်ဆရာမကြီးမှ နိုဝင်ဘာ(၂၈)ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်၌ ကျောင်းကျန်းမာရေးဌာနသို့ အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှု့စစ်ဆေးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရသည်။


အစာအဆိပ်သင့်မှုကြောင့် အမှတ်(၈)မူလတန်းကျောင်းတွင် ၃၄ ဦး၊ အမှတ်(၁၃)မူလတန်းကျောင်းတွင် ၃၅ ဦး၊ ခွဲကဘောင်ပညာ့ဥယျာဉ်ဘုန်းတော်ကြီးကျောင်းမှ ရဟန်း၊ သံဃာ ၂၅ ပါး ဖျား၊ ချမ်းတုန်၊ အန်၊ ၀မ်းသွားသည့် ဝေဒနာများ ခံစားနေရပြီး ဘုန်းတော်ကြီး ၄ ပါးမှာ ဆေးရုံသို့ တင်ထားရကြောင်းနှင့် ထိုသို့ အစာအဆိပ်သင့်မှုအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ ဆရာဝန် နှင့် ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းကနဦး သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ကရင်ပြည်နယ် သံဃာ ၂၅ ပါးနှင့် မူလတန်းကျောင်းသား ၆၉ ဦးခေါက်ဆွဲကြော် စားပြီး အစာအဆိပ်သင့်မှုဖြစ် ကရင်ပြည်နယ် သံဃာ ၂၅ ပါးနှင့် မူလတန်းကျောင်းသား ၆၉ ဦးခေါက်ဆွဲကြော် စားပြီး အစာအဆိပ်သင့်မှုဖြစ် Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.