မောင်တောဒေသမှ ရှောင်တိမ်းရှောက်ရှိလာသော ဒုက္ခသည်များ အ၀တ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေ


ခိုင်မင်းညို ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းမှ ဘူးသီးတောင်မြို့ပေါ် ကယ်ဆယ်ရေး စခန်းသို့ အိုးအိပ်စွန့်ကာ ရောက်ရှိလာသော ဒုက္ခသည်များသည် ဆောင်းဦးရာသီ ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အ၀တ်အထည်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သတင်း ရရှိသည်။

“ကျွန်တော်တို့မှာတော့ စားနပ်ရိက္ခာ တော့အခုလောလောစဉ်အဆင်ပြေနေတာပေါ့၊ ဒါပေမယ့် အခုက ဆောင်းရာသီရောက်ပြီဆိုတော့ သူတို့အတွက် အနွေးအထည်တွေ၊ စောင်တွေ၊ အိပ်ယာခင်းတွေက လိုအပ်နေတယ်၊ ထွက်ပြေးလာသူတွေမှာ ကလေး ငယ်ငယ်လေးတွေပါတယ် ၊ နို့စို့ကလေးလေးတွေရော သက်ကြီးပိုင်း အဖိုးအိုကြီး တွေရောဖြစ်ကြတယ် ” ဟု ဘူသီးတောင်မြို့နယ် အရေးပေါ်ကူညီ ထောက်ပံ့ရေးအဖွဲ့မှ ဦးဇော်ဝင်း က ပြောသည်။


၎င်း မောင်တောဒေသတွင် လက်ရှိအချိန်အထိ အကြမ်းဖက် ဘင်္ဂါလီသမားများက မကြာခဏ ချောင်းမြောင်း တိုက်ခိုက်နေသည့်အတွက် ဘူးသီးတောင်မြို့နယ်အရေး ပေါ်ကူညီထောက်ပံ့ရေးစခန်းသို့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အိမ်ထောင်စု ၃၀ စု လူဦးရေ ၁၀၇ ဦး ထွက်ပြေးကာ ခိုလှုံနေရကြောင်း သိရသည်။

“ ဒီမှာအရင်ကျန်ရှိနေတာတော့ ၃၁ ဦးကျန်ရှိနေတယ်။ ဒီလ ၁၆ ရက်နေ့မှာ ထပ်ပြီး ရောက်လောက်ကြတယ်၊ သူတို့ကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေး ထားတယ်။ ဒါပေမယ့် ရေရှည်ဆိုရင်တော့ အခက်အခဲဖြစ်မယ်။ အစိုးရမှာ တာဝန်ရှိတာ ပေါ့၊ အခုအခြေအနေက အရေးပေါ်ကာလ ဖြစ်နေတယ် ” ဟု ဦးဇော်ဝင်း က ဆက်လက်၍ ပြောသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောဒေသမှ ရှောင်တိမ်းရှောက်ရှိလာသော ဒုက္ခသည်များ အ၀တ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေ  မောင်တောဒေသမှ ရှောင်တိမ်းရှောက်ရှိလာသော ဒုက္ခသည်များ အ၀တ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.