ဖခင်ဖြစ်သူက ကလေးငယ်တွေကို ဓါးနဲ့ခုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်က အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေးငယ် ၅ ယောက်ကို ဓားနဲ့ ခုတ်တဲ့အတွက် ၂ ဦးသေဆုံးပြီး ဖခင်ဖြစ်သူကလည်း မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ပါတယ်။

လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အိုက်ကျုံး (ခေါ်) အိုက်ကျွမ်းဟာ နိုဝင်ဘာလ (၅)ရက်နေ့ ည (၁၀) နာရီလောက်မှာ အသက် ၂ နှစ်ကနေ ၁၂ နှစ်အရွယ်လောက်အထိရှိတဲ့ ကလေးငယ် ၅ ယောက်ကို အိပ်ခန်းထဲခေါ်ပြီး ဓားနဲ့ခုတ် ကာ မိမိကိုယ်ကိုပါ သတ်သေဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့  ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးကြောင့် ဖြစ်တာဟုတ် မဟုတ် ကိုတော့ ဆေးရုံက စစ်ဆေးနေတုန်းပဲလို့ လားရှိုးအမှတ် (၁)ရဲတပ်ဖွဲ့ စခန်းက ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။

ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ကလေးငယ် နှစ်ဦီးသေဆုံးပြီ ကျန်သုံးဦးနဲ့ ကျူးလွန်တဲ့ ဖခင်ဖြစ်သူကတော့ ဒဏ်ရာတွေကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကူသမှု ခံယူနေရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဖခင်ဖြစ်သူက ကလေးငယ်တွေကို ဓါးနဲ့ခုတ် ဖခင်ဖြစ်သူက ကလေးငယ်တွေကို ဓါးနဲ့ခုတ် Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.