မူးရစ်ရမ်းကားမှုအားတားသည့်ရဲများ ပြန်လည် ရိုက်နှက်ခံရမှုဖြစ်
မန္တလေး၊ နိုဝင်ဘာ ၁။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၉ လမ်း ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၌ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီကျော် က သိန်းမင်းဋ္ဌေး ကွမ်းသီးပွဲရုံအရှေ့တွင် မူးရစ်သောက်စား ကခုန်နေသောသူများအား တားစီးသည့်ရဲများကို ယင်းမူးရစ်ကခုန်သူများ က ပြန်လည်ရိုက်နှက် ထိုးကြိတ်ခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းသို့ မူးရစ်ကခုန်နေသူများသည် သိန်းမင်းဋ္ဌေး ကွမ်းသီးပွဲရုံမှ ဝန်ထမ်းများဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက မူးရစ်ရမ်းကားနေကြောင်း အမှတ် (၆) နယ်မြေခံရဲစခန်း သို့ အကြောင်းကြားလာသည့်အတွက် ဒုရဲအုပ် နေလင်းဦး ဦးစီးသည့် လှည့်ကင်းအဖွဲ့သည် ဆက်လက်မပြုလုပ်ရန် သွားရောက် တားစီးခဲ့ကြောင်း သိရသည်။
"ဒုရဲအုပ် နဲ့ ရဲတပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ် ။ စိုးရိမ်စရာတော့မရှိပါဘူး။ ဒါဟာ တာဝန် ဝတ္တရားနှောက်ယှက်မှု နာကျင်အောင်ပြုလုပ်မှု မြောက်တဲ့အတွက် သက်ဆိုင်ရာရဲစခန်းမှာတော့ အမှုဖွင့်အရေးယူ ဖမ်းစီးထားတယ်"ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့နောက် ရဲတပ်ဖွဲ့အင်အား ၂၀ ခန့်လာရောက် ထိန်းသိမ်းလိုက်သည့်အတွက် ပြေလည်သွားခဲ့ပြီး မူးရစ်ကခုန်သူများထဲမှ ဇော်မင်းပြည့် နှင့် ဇော်မင်းလတ် တို့နှစ်ဦးမှာလည်း ဦးခေါင်းပေါက်ပြဲ (မစိုးရိမ်ရ) ခဲ့သည့်အတွက် မန္တလေးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းမူးရစ်ကခုန်သူများအား မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိစစ်ဆေးလျှက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များအား ပြန်လည် ရိုက်နှက်ခဲ့သည့် ဇော်မင်ပြည့်ပါ (၈) ဦးအား (ပ) ၂၇၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၃၂/၃၃၃ ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
မူးရစ်ရမ်းကားမှုအားတားသည့်ရဲများ ပြန်လည် ရိုက်နှက်ခံရမှုဖြစ် မူးရစ်ရမ်းကားမှုအားတားသည့်ရဲများ ပြန်လည် ရိုက်နှက်ခံရမှုဖြစ် Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.