မကွေးမြသလွန်ဘုရားခြေရင်း မြစ်ကမ်းဆိပ်၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရေထဲ ခုန်ချ ပျောက်ဆုံး


မကွေး နိုဝင်ဘာ ၂၄

မကွေးမြို့ မြသလွန်ဘုရားအနောက်ဘက် ဆီမီးကိုးထောင် ပူဇော်သည့် မြစ်ဆိပ်ကမ်း တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ နိုဝင်ဘာ ၂၂ ရက်က မြစ် အတွင်း ခုန်ချပျောက်ဆုံးခဲ့ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁နာရီခွဲက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြသလွန်ဂေါပက အဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့သည်။

အမည်မသိအမျိုးသား(စုံစမ်းဆဲ)နှင့် မသက်စုအောင် (၂၂ နှစ်) ရွှေဘုံသာ အရှေ့ရပ်ကွက် ရေနံချောင်းမြို့နယ် နေသူတို့မှာ အင်္ကျီအနွေးထည် ကျားဝတ်တစ်ထည်၊ မဝတ်တစ်ထည်၊ အမျိုးသား၊ အမျိုးသမီး ဖိနပ်တစ်ရန်စီ၊ အမျိုးသမီး လက်ပတ်နာရီတစ်လုံး၊ လက်ကိုင်ဖုန်းနှစ်လုံးတို့အား ချွတ်ထား ခဲ့ပြီး မြစ်အတွင်းသို့ ခုန်ဆင်းသွားခဲ့ ကြောင်း၊ လိုက်လံရှာဖွေလျက်ရှိကြောင်း မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး စိန်အောင်က ပြောကြားသည်။

ကျော်ဇေယျ(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မကွေးမြသလွန်ဘုရားခြေရင်း မြစ်ကမ်းဆိပ်၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရေထဲ ခုန်ချ ပျောက်ဆုံး  မကွေးမြသလွန်ဘုရားခြေရင်း မြစ်ကမ်းဆိပ်၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရေထဲ ခုန်ချ ပျောက်ဆုံး Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.