ဓါးခုတ်ခံရသည့် ကလေးငယ် ၃ ဦး မန္တလေးအထွေထွေ ရောဂါကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဖခင်မှဓားဖြင့်ခုတ်ခံရသည့် ဒဏ်ရာများကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကလေး(၃)ဦးမှာ အကူညီများ လိုအပ်နေကြောင်း သိရသည်။

ဆေးဝါကုသစရိတ်နှင့် ကုန်ကျစရိတ်အတွက် ဆိုရှယ်မီဒီယာမှတဆင့် အလှူခံပေး လျှက်ရှိရာ လက်ရှိအချိန်တွင် ငွေကျပ် ၅ သိန်းဝန်ကျင်သာရရှိထားကြောင်းသိရသည်။

"စရောက်လာကတဲ့နေ့ကစပြီး ကူညီပေးနေတာပါ။ လောလောဆယ်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဓါတ်မှန်ရိုက်တာတို့နဲ့ သောင်းဂဏန်လောက်ပဲကုန်သေးတယ်။ နောက်ဆက်တွဲလိုအပ်တာတွေ ရှိသေးတယ်"ဟု ONE TO ONE ကလေးလူနာကူညီရေးအဖွဲ့မှ ကိုဝမ်းကပြောသည်။


ဖြစ်စဉ်မှာ ဖခင်ဖြစ်သူက နိုဝင်ဘာ ၅ ရက်၊ ညပိုင်းတွင် သားသမီး(၅)ဦးအား ဓားဖြင့်ခုတ်ခဲ့ခြင်းကြောင့် (၂)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ရာ လားရှိုးမြို့ဆေးရုံတွင်ကုသနေရာမှ နိုဝင်ဘာ ၈ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း၊ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံတွင် ၁ ဦးနှင့် ပြည်သူဆေးရုံကြီးတွင် ၂ ဦး ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်မှ စတင်ကာ ONE TO ONE အဖွဲ့အနေဖြင့် ဆင်းရဲနွမ်းပါးပြီး ငွေကြေးခက်ခဲသော ကလေငယ်များကို လိုက်လံကူညီပေးလျှက်ရှိပြီး ငွေကြေး လှူဒါန်းကူညီလိုသူများ အနေဖြင့် ၀၉- ၄၅၆၅၆၇၈၇၈ ONE TO ONE ကလေးလူနာကူညီး ရေးအဖွဲ့မှ ကိုဝမ်း ထံသို ဆက်သွယ်ကူညီလှူဒါန်းနိုင်ကြောင်းသိရသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal/
ဓါးခုတ်ခံရသည့် ကလေးငယ် ၃ ဦး မန္တလေးအထွေထွေ ရောဂါကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိ  ဓါးခုတ်ခံရသည့် ကလေးငယ် ၃ ဦး မန္တလေးအထွေထွေ ရောဂါကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.