နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသမီးတဦးတည်း နေအိမ်ထဲရှိနေစဉ် အနုကြမ်းစီးခံရ


နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ ပုဗသီရိမြို့နယ် ၀ဏဒီပရပ်ကွက်၊ ငုရွှေဝါလမ်းအတွင်းရှိ နေအိမ်တအိမ်တွင်း အမျိုးသမီးငယ်တဦးတည်းရှိနေစဉ် လူသုံးဦးမှ ၀င်ရောက် လုယက်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

နေပြည်တော်ကောင်စီနယ်မြေ ပုဗသီရိမြို့နယ် ၀ဏဒီပရပ်ကွက်၊ ငုရွှေဝါလမ်းအတွင်းရှိ နေအိမ် တအိမ်တွင် မမွန်မွန်ဇော်တဦးတည်းရှိနေစဉ် အိမ်နောက်ဖေးမှ မျက်နှာတွင် ပုဝါနဲ့စီးထားသော လူသုံးယောက်ဝင်ရောက်လာပြီး တဦးမှ မမွန်မွန်ဇော်၏ နောက်ဘက်မှ အချွန်တခုနှင့်ထောက်ထားပြီး အော်ရင်နောက်ကထိုးလိုက်မယ်ဟုပြောပြီး မီးမိန်းဘယ်မှာလဲမေးပြီး မီးမိန်းချခိုင်းကြောင်း၊ အချိန်ကတော့ နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်ဖြစ်ကြောင်း၊ မမွန်မွန်ဇော် ၀တ်ဆင်ထားသည့်တန်ဖိုး ၁၀ သိန်းဝန်းကျင်ခန့်ရှိ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ဆွဲကြိုးရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း မမွန်မွန်ဇော်က ပြောပါသည်။

မမွန်မွန်ဇော်က ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဗသီရိမြို့နယ် ထုံးဘိုမြို့မရဲစခန်းသို့ ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူပေးပါရန် တိုင်ကြားလာသဖြင့် (ပ) ၂၀၁/၂၀၁၆ ပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး တရားခံများ အမြန်ဆုံးဖမ်းမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရပါသည်။

ပုဒ်မ ၃၈၆ ကတော့ မည်သူမဆို တဦးတယောက်သောသူကိုဖြစ်စေ၊ သူတပါးကိုဖြစ်စေ သေစေမည်ဟုသို့တည်းမဟုတ် အပြင်းအထန် နာကျင်စေမည်ဟုကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်အထိထောင်ဒဏ် တမျိုးမျိုးချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၇-၁၁-၂၀၁၆ ရက်နေ့ နံနက် ၈း၄၅ နာရီထိ တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသမီးတဦးတည်း နေအိမ်ထဲရှိနေစဉ် အနုကြမ်းစီးခံရ  နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသမီးတဦးတည်း နေအိမ်ထဲရှိနေစဉ် အနုကြမ်းစီးခံရ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.