ဟိုင်းကြီးကျွန်းတွင် လူသတ်မှု ဖြစ်ပွား


ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၆

ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ သမှဲ့ဖြူ ကျေးရွာအနီးတွင် နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ ခန့်တွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ ရွှေသံလွင် ဆားကွင်း၊ သမှဲ့ဖြူ ကျေးရွာနေထိုင်သူ ကိုကျော်သက် (၃၅)နှစ် (ဘ) ဦးကိုရွှေ (ပုဇွန်ကန် လုပ်သား) သည် နေအိမ်၌ ရှိနေစဉ် အတူနေ မိခင်ဖြစ် သူ ဒေါ်ရင်သန်း အသက် (၆၅) နှစ်၊ (ဘ) ဦးအေးရွှေ သည် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဈေးဝယ်ရန် သမှဲ့ဖြူကျေးရွာသို့ နေအိမ်မှ ထွက်သွားရာ နေ့လည် ၁ နာရီကျော်ခန့်ထိ ပြန်မရောက်သဖြင့် သားဖြစ်သူ ကိုကျော်သက်မှ မိခင်သွားလာတတ်သော နေရာများသို့ လိုက်လံ ရှာဖွေစုံစမ်းရာ မတွေ့ရှိ ခဲ့ပါ။

 နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆက်လက် ရှာဖွေနေစဉ် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် တစ်ရွားတည်နေ ဖိုးခွား (ဘ) ဦးစိုးလွင် နှင့် မျိုးသန့်ကျော် (ခ) အငယ်ကောင် (ဘ) ဦးဖိုးကဲ သမှဲ့ဖြူကျေးရွာနေသူ (၂) ဦးတို့မှ ၎င်း၏ မိခင်အလောင်းအား သမှဲ့ဖြူကျေးရွာ အရှေ့ဘက် (၁) မိုင်ခန့် အကွာ လူသွားလမ်းဘေးရှိ ရေမြောင်းစပ် လတ္တာပြင် (နွံတော) တွင် တွေ့ရှိခဲ့ကြောင်း၊ အကြောင်းကြားလာပါသည်။

 မိခင်ဖြစ်သူ ဒေါ်ရင်သန်းသည် ဝဲဘက်နားရွက် နားကပ်ပန်သည့် နေရာ ကွဲနေသည့် ဒဏ်ရာ (၁) ချက်၊ ဝဲဘက်နားအုံအောက် အလျား (၁) လက္ခမ ခန့် ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ လည်ဂုတ် ညာဘက်ညိုမဲ ဒဏ်ရာ (၁) ချက်၊ ယာဘက်လက်ပြင်အောက် အရေပြားကွာနေသည့် ဒဏ်ရာ(၁) ချက်၊ ကျောရိုး အထက်နား အရေပြားကွာသည့် ဒဏ်ရာ (၁)ချက်၊ မီးငြှောင့်ရိုး အထက်ကျောပေါ်တွင် အရေပြားပွန်းဒဏ်ရာ (၁) ချက် တို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရသည်။

၎င်းမိခင်အား သတ်သွားသူကို ဥပဒေအရ အရေးယူပေးပါရန် ပြင်ခရိုင် နယ်မြေရဲစခန်းသို့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က တိုင်ကြားခဲ့သဖြင့် ရဲစခန်းမှ (ပ) ၄၈/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂) ဖြင့် အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ဟိုင်းကြီးကျွန်းတွင် လူသတ်မှု ဖြစ်ပွား ဟိုင်းကြီးကျွန်းတွင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.