![]() |
မြစ်ရေတိုက်စားတာကြောင့် စိုက်ပျိုးမြေပျက်စီးနေတဲ့ မြစ်ကမ်းဘေးတစ်နေရာကို တွေ့ရစဉ်။ Photo: RFA |
ရွာအခြေအနေက တစ်နှစ်ထက် တစ်နှစ်ဆိုးလာပြီး ပြောင်းရွှေ့စရာမြေနေရာ မရှိတော့တာကြောင့် ရွာပြောင်းရွှေ့ ဖို့အတွက် အစိုးရကမြေနေရာ ချပေးစေချင်တယ်လို့ သူဌေးကုန်းကျေးရွာက ဆရာတော် ဦးအဂ္ဂဓဇ က မိန့်ပါတယ်။
"ဦးဇင်းတို့ကျေးရွာအခြေအနေက တစ်နှစ်ထက်တစ်နှစ် ဘယ်လိုပြောမလည်း နေဖို့လည်း အကုန် လုံး နေရာပျောက်သလောက် ဖြစ်သွားပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေးဖြေးချင်း ဖြည်းဖြည်းချင်း နောက် ဆုတ်ဆုတ်ပြီး ခုန်လာတာ ကမ်းပါးပြိုတာကိုလေ၊ စပ်စပ်ရာယာတွေကိုင်းတွေထဲရွေ့လာတာ ခုနောက်ပိုင်း အဲလိုရွေ့စရာကိုမကျန်တော့ဘူး၊ ဘယ်လိုဖြစ်ချင်လည်းဆိုတော့ မြေနေရာလေးကို အစိုးရပိုင်း အာဏာပိုင်များအနေနဲ့ စီမံပေးဖို့ညွှန်ကြားပေးဖို့၊ ဒီနေရာ ဒီနေရာဆို ဦးဇင်းတို့ ဝယ်နေဆိုလည်း ဝယ်နေမယ် ဦးဇင်းတို့အဲလိုလေးဘဲ ချပေးပါလို့ ပြောချင်တာ"
ဒီသူဌေးကုန်းကျေးရွာမှာ အရင်က စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ကျွန်းမြေ ဧက ၃ဝဝ လောက်နဲ့ အိမ်ခြေ ၉ဝ လောက် ရှိခဲ့ပေမယ့် နှစ်စဉ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အခုချိန်မှာ ကျွန်းမြေ ဧက ၃ဝ ဝန်းကျင်နဲ့ အိမ်ခြေ ၃ဝ လောက်ပဲ ကျန်တော့တာဖြစ်ပါတယ်။
လက်တလောအနေနဲ့ ရွာသားတွေဟာ ပွင့်ဖြူမြို့နယ်ပို ငါးချောက်ကျွန်းကျေးရွာမှာ နေအိမ် ၇ဝ ကျော်လောက် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
သူဌေးကုန်း ကျေးရွာသားတွေအနေနဲ့ ကျေးရွာပြောင်းရွှေ့ရေးအတွက် မြေနေရာချပေးဖို့ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဆီကို လက်မှတ်ရေးထိုး တောင်းဆိုထားတယ် လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြစ်ရေတိုက်စား လို့ ရေနံချောင်းဒေသခံ အချို့ မြေနေရာအခက်အခဲဖြစ်နေ
Reviewed by THITHTOOLWIN
on
20:54
Rating:
