မြစ်ကြီးနားတွင် ဆိုင်ကယ်မောင်းစဉ် အမျိုးသားတစ်ဦး ဒုတ်ဖြင့်ရိုက်ခံရပြီးသေဆုံး


မြစ်ကြီနားမြို့နယ် တပ်ကုန်အုပ်စု ၊ ရာဒါကောင်ရပ်ကွက် တွင် နိုဝင်ဘာလ ၆ ရက်နေ့ညက အသက် (၅၅)အရွယ် သင်းထောက် ဦးရှရီဇော်အောင် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ဒုတ်ခြင့် ရိုက်ခံရသည့်အတွက် သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

“ဘယ်လိုဖြစ်တာတော့ ဘယ်သူမှ မမြင်လိုက်တော့ အတိအကျတော့ မသိဘူး။ ဖြစ်နိုင်ခြေက လူငယ် သုံး လေး ယောက်လောက်က ရိုက်တာဖြစ်နိုင်တယ်။ ပင်ပြားနဲ့ရိုက်တာ။ နဖူးမှာလာထိသွားတာ။ ’ ဟု တပ်ကုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဘောက်နော် ကဆိုသည်။


အဆိုပါသေဆုံးသွားသူသည် မည်သည့်ရန်ညှိးမှလည်း မရှိကြောင်း မည်သည့်ကြောင့် ယခုကဲ့သို့ရိုက်ခံရခြင်းဖြစ်ကြောင်းကိုလည်း မသိရှိကြောင်းလည်း ၎င်း၏ ဆွေးမျိုးတစ်ဦးကဆိုသည

အဆိုပါသေဆုံးသူသည် ၎င်း၏ ရာဒါ (ဘီ) နေအိမ်မှ အမျိုးအိမ်သို့ ဆိုင်ကယ်ဖြင့် ည ၁၀ နာရီကျော် အချိန်ခန့်တွင် သွားခဲ့စဉ် ရာဒါကောင် လမ်းနှင့် လမ်းသွယ် (၆) လမ်းဆုံတွင် ရိုက်ခံရပြီး ဒဏ်ရာရရှိခဲ့သည်။

ပြီးနောက် ဆေးရုံးသို့ရောက်ပြီး နံနက် ၂ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်းဆိုသည်။

ဖြစ်နိုင်ခြေရှိသည့် လူငယ်များကို စစ်ဆေးမှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်းလည်းဆိုသည်။

ပုံ။။ သေဆုံးသူနှင့် အခင်းဖြစ်သည့်နေရာ။။။

Kachinwaves
https://www.facebook.com/kachinwavesnews
မြစ်ကြီးနားတွင် ဆိုင်ကယ်မောင်းစဉ် အမျိုးသားတစ်ဦး ဒုတ်ဖြင့်ရိုက်ခံရပြီးသေဆုံး  မြစ်ကြီးနားတွင် ဆိုင်ကယ်မောင်းစဉ် အမျိုးသားတစ်ဦး ဒုတ်ဖြင့်ရိုက်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.