ရန်ကုန်-မာန်အောင် လေယာဉ်ဘီးပေါက်၍ လမ်းချော်မှုဖြစ်ပွား


ကျောက်ဖြူ နိုဝင်ဘာလ ၁၆

ကျောက်ဖြူခရိုင် ၊ မာန်အောင်မြို့နယ်တွင် ရန်ကုန်မှ မာန်အောင်သို့ ထွက်ခွာ လာသော မြန်မာ့ လေကြောင်းပိုင် လေယာဉ်အမျိုးအစား CESSNA208 CARAVAN B လေယာဉ်အမှတ် XY-AMC ခရီးစဉ် အမှတ် UB-241 ၊ လေယာဉ်မှူး ဦးသက်ခိုင်ဦး၊ တွဲဖက်လေယာဉ်မှူး ဦးနေ၀င်းထွန်း တို့ မောင်းနှင်လာသော ခရီးသည် (၈)ဦး၊ တင်ဆောင်လာသည့် လေယာဉ် သည် နိုဝင်ဘာလ (၁၆)ရက်၊ နံနက် ၉ နာရီအချိန်က မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်းသို့ ဆင်းသက်စဉ် လေယာဉ် နောက်ယာ ဘက် ဘီးပေါက်၍ ပြေးလမ်း၏ ယာဘက် မြက်ခင်းသို့ ထိုးကျသွား ခဲ့ပြီး လေယာဉ်ရှေ့ဘီး မြေကြီးထဲ စိုက်ဝင်သွား ကာ လေယာဉ်ပန်ကာ တစ်ခု ကွေးကောက်သွားခဲ့ကြောင်း၊ လေယာဉ်ပေါ်လိုက်ပါ လာသော ခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ခရီးစဉ်မပျက် ဆက်လက်ပျံသန်းနိုင် ရန် မြန်မာ့လေကြောင်း မှ လေယာဉ်အစားထိုး ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ရန်ကုန်-မာန်အောင် လေယာဉ်ဘီးပေါက်၍ လမ်းချော်မှုဖြစ်ပွား  ရန်ကုန်-မာန်အောင် လေယာဉ်ဘီးပေါက်၍ လမ်းချော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.