သူခိုးကြီးည ကြက်သွားဝယ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ


မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဥတိုတာဆုံမှာ သူခိုးကြီးည၊ နိုဝင်ဘာ(၁၅)ရက် ည(၇)နာရီခွဲခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 အဲဒီလိုယာဉ်တိုက်မှု ဖြစ်ပွားရာတာဟာ ကြက်ချက်စားဖို့ ဆိုင်ကယ်နဲ့ ကြက်သွားဝယ်ရာမှာ ပြည်ဘက်က မောင်းနှင်းလာတဲ့ ခြောက်ဘီးကားနဲ့ တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်ပေါ်စီးနင်းလိုက်ပါလာသူ (၁၇)နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်မိုးသူနဲ့ (၁၈)နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသား မောင်ရှိန်းထက်အောင်တို့ဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး အသက် (၂၄)နှစ်အရွယ်ရှိ ဇော်ဇော်အောင်ဟာ ရန်ကုန်ပြည်သူဆေးရုံမှာအတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

 အဲဒီယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကားယာဉ်မောင်း မင်းထင်ကို တိုက်ကြီးမြို့မရဲစခန်းက ရဲအုပ် ထွန်ထွန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
သူခိုးကြီးည ကြက်သွားဝယ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ  သူခိုးကြီးည ကြက်သွားဝယ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.