ကုန်းဆင်းတွင် ရှေ့မှသွားနေသော ဆိုင်ကယ်အား ၆-ဘီးယာဉ်တိုက် တစ်ဦးသေဆုံး


ကျိုင်းတုံ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေပိုင်း)ကျိုင်တုံမြို့တွင် နိုဝင်ဘာလ (၈) ရက်နေ့ ည(၁၀) နာရီခန့်၌ ရှေ့မှ သွားနေသော မော်တော် ဆိုင်ကယ်အား ၆-ဘီးယာဉ်ကတိုက်၍ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊အမှတ်(၄)ရပ်ကွက်နေ စိုင်းဆမ်တစ်(၂၈နှစ်)မောင်းနှင်ပြီး စိုင်းလုံ(၃၁နှစ်) လိုက်ပါလာသော မော်တော်ဆိုင်ကယ် သည် လေယာဉ်ကွင်း လမ်းအတိုင်း ကျိုင်းတုံမြို့တွင်းမှ လေယာဉ်ကွင်း ဘက်သို့ မောင်းနှင်လာစဉ် ဆန်ဂိုဒေါင်ကုန်းဆင်း အရောက် အနောက်မှ ယာဉ်မောင်းအောင်ကျော် မောင်းနှင် သည့် ယာဉ်အမှတ် MDY-7J/....DUMP TRUCK အမျိုးအစား ၆-ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် ကို တိုက်မိခဲ့ခြင်းဖြစ်သည်။


"ကားအရှိန်အတော်မြန်တယ် အတိုက်ခံရတဲ့ဆိုင်ကယ်က အဝေးကိုလွင့်ထွက်သွားတာ ဆိုင်ကယ် မောင်းသူ သေတယ် လမ်းမီးလည်း မရှိဘူး ဖုန်းမီးတွေနဲ့ ဟိုဒီထိုးကြည့်တောမှ နောက်တစ်ယောက်ကို တွေ့ တယ် အသက်ရူနေသေးလို့ ဆေးရုံကိုအမြန်ပို့လိုက်တယ်" ဟု ဆန်ဂိုဒေါင်အနီးဈေးဆိုင်ရောင်းသူတစ်ဦး ကပြောသည်။

ဖြစ်စဉ်ကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်သည့် ကားမိုးကာ ကူရှင်ချုပ်လုပ်ကိုင်သူ စိုင်းဆမ်တစ် သည် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်လိုက်ပါစီးသူ စိုင်းလုံသည် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး တွင် အတွင်းလူနာ အဖြစ်ဆေးကုသမှု ခံယူလျက်ရှိကာ ၆-ဘီးကား ယာဉ်မောင်း အောင်ကျော်(ခ)အန်ဂျလို (၄၁နှစ်) ကို ကျိုင်းတုံမြို့ မရဲစန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ၊ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကုန်းဆင်းတွင် ရှေ့မှသွားနေသော ဆိုင်ကယ်အား ၆-ဘီးယာဉ်တိုက် တစ်ဦးသေဆုံး ကုန်းဆင်းတွင် ရှေ့မှသွားနေသော ဆိုင်ကယ်အား ၆-ဘီးယာဉ်တိုက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.