မောင်တောတောင်ပိုင်း နူရ်ရူလာရဲကင်းတိုက်ခိုက်ခံရမှု ရဲတစ်ဦးကျ တစ်ဦးဒဏ်ရာရ


မောင်တော|နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်း နရူလာရဲကင်းအား ယနေ့ညနေ ၆ နာရီခန့်က
အကြမ်းဖက်သမားများ လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာ ရရှိနေကြောင်း မောင်တောမြို့မရဲစခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေကာ စစ်တပ်မှ စစ်ကူလိုက်သွားကြောင်း သိရသည်။
မောင်တောတောင်ပိုင်းသို့ ယနေ့လာရောက်ခဲ့သည့် နိုင်ငံတကာသံတမန်များရှေ့တွင် ဘင်္ဂလီများက ပိုစတာများကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
မောင်တောတောင်ပိုင်း နူရ်ရူလာရဲကင်းတိုက်ခိုက်ခံရမှု ရဲတစ်ဦးကျ တစ်ဦးဒဏ်ရာရ  မောင်တောတောင်ပိုင်း နူရ်ရူလာရဲကင်းတိုက်ခိုက်ခံရမှု ရဲတစ်ဦးကျ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.