အင်းတော်မြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်


အင်းတော် နိုဝင်ဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် စက်တောကျေးရွာ အနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက် ၄ နာရီခန့်တွင် အင်းတော်မြို့နယ် မဲဇာ ရဲကင်းစခန်းမှူး ရဲအုပ်စိုးလှိုင်နှင့် အဖွဲ့သည် ယာဉ်တိမ်းမှောက်သည့် သတင်း အရ သွားရောက်စစ်ဆေးရာ ရွှေဘိုမြစ်ကြီးနားလမ်း စက်တော ကျေးရွာ အနီး မိုင်တိုင်အမှတ်(၁၂၈/၃) (၁၂၈/၄) အကြားတွင် ယာဉ်မောင်း ကျော် ကျော်ဝင်း (၅၆နှစ်) မြရိပ်နန္ဒာမြို့သစ် မန္တလေးမြို့နေသူ မောင်းနှင်လာသော ယာဉ်သည် ချောင်းကူးတံတားအနီးတွင် တိမ်းမှောက်သွားရာ ယာဉ်ပေါ်ပါ လူ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိသော် လည်း ယာဉ်ပေါ့ဆစွာ မောင်းနှင်သူ ကျော်ကျော်ဝင်းအား အရေးယူထား ကြောင်း သိရသည်။

လူအောင်(ကသာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အင်းတော်မြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက် အင်းတော်မြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.