ရွှေတိဂုံစေတီတော်မှာ လုံခြုံရေးတိုးမြှင့်

(ရွှေတိဂုံစေတီတော်ကို တွေ့ရစဉ်) Photo: RFA
ရွှေတိဂုံစေတီတော်ကို အကြမ်းဖက်သမားတွေက ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် စေတီတော်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

လက်ရှိအချိန်မှာ စေတီတော်ကို လုံခြုံရေး တိုးမြှင့်နေပြီး လိုအပ်တဲ့ဝန်ထမ်းတွေလည်း တိုးချဲ့ခန့်ထားမယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

လုံခြုံရေးအတွက် စေတီတော်ရဲ့လုံခြုံရေးအဖွဲ့သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ အသုံးပြုထားတယ်လို့လည်း ပြောပါတယ်။

လုံခြုံရေးအရ ရွှေတိဂုံစေတီတော်ကြီး အနီးဝန်းကျင်မှာ အဝေးထိန်းမောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ ပျံသန်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရွှေတိဂုံစေတီတော်မှာ လုံခြုံရေးတိုးမြှင့်  ရွှေတိဂုံစေတီတော်မှာ လုံခြုံရေးတိုးမြှင့် Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.