ရေဦးမြို့နယ် ​ငြုတ္တုံ​ကျေးရွာ၌ ဦး​ခေါင်းနှစ်​လုံးပါ ကျွဲတစ်​​ကောင်​​မွေးဖွား


ရေဦး၊နိုဝင်ဘာ၊၁၇

စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရေဦးမြို့နယ်​ငြုတ္တုံ​ကျေးရွာ ​တောင်​သူဦး​အောင်​ခိုင်​အိမ်​၌ လယ်​ယာလုပ်​ငန်းလုပ်​ကိုင်​ရန်​​မွေးမြူထား ​သောကျွဲမကြီးတစ်​​ကောင်​မှထူးထူးခြားခြားဦး​ခေါင်းနှစ်​လုံးပါကျွဲ​ပေါက်​က​လေးတစ်​​ကောင်​ကို နိုဝင်​ဘာ၁၆ရက်နံနက်၇နာရီကထူးခြားစွာ​မွေးဖွားခဲ့​ကြောင်းရေဦးမြို့ခံ သတင်းထောက် ကသတင်းပေးပို့သည်။

ခေါင်းနှစ်​လုံးပါကျွဲ​ပေါက်​က​လေးသည်​ ​ခြေလက်​အင်္ဂါပုံမှန်​ပါပြီး ​ခေါင်းနှစ်​လုံးဖြင့်​​မွေးဖွားစဉ်​ကအသက်​ရှင်​ခဲ့​သော်လည်း ​မွေးပြီး၁၅မိနစ်​ခန့်​ အကြာတွင်​​သေဆုံးသွားခဲ့​ကြောင်းသိရသည်​။

Monywa Gazette
https://www.facebook.com/chindwingazet/
ရေဦးမြို့နယ် ​ငြုတ္တုံ​ကျေးရွာ၌ ဦး​ခေါင်းနှစ်​လုံးပါ ကျွဲတစ်​​ကောင်​​မွေးဖွား  ​ရေဦးမြို့နယ် ​ငြုတ္တုံ​ကျေးရွာ၌ ဦး​ခေါင်းနှစ်​လုံးပါ ကျွဲတစ်​​ကောင်​​မွေးဖွား Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.